ဒုတိယကမ္ဘာစစ်ပြီးကာနီးအချိန် ဂျာမန်တွေစစ်ရှုံးပြီး ရုရှားကနေ ပြန်ဆုတ်နေတဲ့ကာလအတွင်း ထိပ်တန်းလျှို့ဝှက်ချက်နဲ့မစ်ရှင်ပေးခဲ့ရတဲ့ ဂျာမန်တင့်ကားအဖွဲ့သားတွေရဲ့ ခရီးစဉ်ကို တွေ့ရမှာပါ။ စစ်အက်ရှင်ကားကိုမှ psycho နဲ့ပေါင်းစပ်ထားတာပါ။ လက်ဖ်တနင်ဖိလစ်နဲ့ သူ့အဖွဲ့သားတွေဟာ ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိဗွန်ဟာဒန်ဘာ့ကို ပြန်ခေါ်ခဲ့ဖို့ မစ်ရှင်ပေးခံရပါတယ်။ အဲဒီလူက ဖိလစ်နဲ့လည်း ငယ်သူငယ်ချင်းတွေပါ။ သူ့ကိုပြန်ခေါ်ဖို့ တခြားတပ်ဖွဲ့မပါဘဲ တင့်ကားတစ်စီးတည်းနဲ့ အန္တရာယ်ရှိတဲ့ ရန်သူ့နယ်မြေထဲ အသက်နဲ့ရင်းပြီး ဝင်ရတာပါ။ လမ်းတစ်လျှောက် ရန်သူတွေနဲ့ရင်ဆိုင်ရပြီး အသက်ဘေးနဲ့ကြုံရတာလည်း ခဏခဏပါပဲ။ သဘောထားကွဲလွဲမှုတွေလည်း ကြုံရသလို အဖွဲ့သားတစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရပါသေးတယ်။ ဒီလိုမျိုး ခက်ခက်ခဲခဲနဲ့ မရောက်ရောက်အောင် အမိန့်နာခံပြီး ခရီးစဉ်ဆုံးတဲ့အချိန်မှာတော့ ဖိလစ်ထင်ထားသလို ဒါက မစ်ရှင်အတိုင်းလာခဲ့တဲ့ ခရီးစဉ်လား တခြားတစ်ခုဖြစ်နေတာလားဆိုတာကတော့... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်