
လူကြည့်များသော ရုပ်ရှင်များ
ကြည့်ရှုမှုအများဆုံး ရုပ်ရှင်များကို အစဉ်လိုက် စုထားပါသည်။
26920 ကား
၁၈၉၇ ခုနှစ်က အာဖဂန်လူမျိုး ၁၀,၀၀၀ ကိုတိုက်ခိုက်ခဲ့တဲ့ ဆစ်ခ်လူမျိုး ၂၁ ယောက်တို့ရဲ့ ဆာရာဂါဟီတိုက်ပွဲအကြောင်းအခြေခံရိုက်ကူးထားတဲ့ မယုံနိုင်စရာ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားပါ။ အီရှာဆင်းက ဗြိတိသျှအိန္ဒိယစစ်တပ်ရဲ့ တပ်ကြပ်ကြီးတစ်ယောက်ပါ။ တစ်နေ့ သူတို့တပ်စုက ဗြိတိသျှနဲ့အာဖဂန်နစ္စတန်တို့ရဲ့နယ်စပ်နားက ဂူလီစတန်ခံတပ်ကိုသွားစောင့်ရတယ်။ အဲဒီမှာလူမျိုးစုတွေက မိန်းကလေးတစ်ယောက်ကိုသတ်ဖို့လုပ်နေတာ အီရှာဆင်းမြင်သွားပြီးကယ်ဖို့ကြိုးစားတယ်။ ဗြိတိသျှအရာရှိတားနေတဲ့ကြားထဲက အီရှာဆင်းက မိန်းကလေးကိုကယ်လိုက်တယ်။ နောက်နေ့မှာ ဝင်စွက်ဖက်ခံရတယ်ဆိုပြီး အဲဒီလူမျိုးစုတွေက ဆာရာဂါဟီ၊ ဂူလီစတန်နဲ့ လော့ခတ်ခံတပ်သုံးခုကိုတိုက်ဖို့လုပ်ကြတယ်။ အဲဒီအချိန် အထက်လူကြီးအမိန့်ကိုဖီဆန်လိုက်တဲ့ အီရှာဆင်းကို ဆာရာဂါဟီခံတပ်မှာတာဝန်ပေးလိုက်တယ်။ ဟိုဘက်လူမျိုးစုတွေတိုက်ခိုက်ဖို့လာတဲ့အချိန်မှာ သူတို့ဘက်ကအင်အား တစ်သောင်းနဲ့ အီရှာဆင်းတို့ဘက်က ၂၁ ယောက်ပဲရှိတဲ့အခါမှာ ဘယ်လိုတိုက်ပွဲဆက်ဖြစ်မလဲ ဒီကားထဲမှာစောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Kesari
2019
၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက နာမည်ကြီး အက်ရှင်မင်းသား ဂျင်း-ကလော့ဒ် ဗန် ဒမ် (Jean-Claude Van Damme) အဖြစ်သရုပ်ဆောင်ထားတဲ့ကားပါ။ ဇာတ်လမ်းစစချင်းမှာ ဂျင်း-ကလော့ဒ်က သူ့အသက် ၄၇ နှစ်ရောက်တော့ ရုပ်ရှင်ရိုက်တာတွေ အဆင်မပြေဖြစ်နေပြီး၊ မိန်းမဟောင်းနဲ့သမီးအုပ်ထိန်းခွင့်အတွက်လည်း တရားရုံးမှာ လုံးပန်းနေရတယ်။ သူက သူ့မွေးရပ်မြေ ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ်မြို့ကို ပြန်လာပြီး စာတိုက်ကနေ ပိုက်ဆံထုတ်ဖို့သွားတာ။ အဲ့ဒီမှာ စာတိုက်ကို ဓားပြတိုက်နေတာနဲ့ တိုးပြီး ဓားပြတွေက ဂျင်း-ကလော့ဒ်ကို ဓားစာခံအဖြစ် ဖမ်းထားတော့ ရဲတွေနဲ့ သတင်းသမားတွေက ဂျင်း-ကလော့ဒ်ပါ ဓားပြတိုက်မှုမှာ ပါနေတယ်လို့ ထင်ကုန်ကြတယ်။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ ဂျင်း-ကလော့ဒ်က သူ့အတိတ်ဘဝ၊ ရုပ်ရှင်လောကအတွေ့အကြုံ၊ မူးယစ်ဆေးစွဲခဲ့တာတွေနဲ့ မိသားစုပြဿနာတွေကို ပြန်ပြောပြတယ်။ သူက ဓားပြတွေနဲ့ ဓားစာခံတွေကြားမှာ ဝင်ပြီး ညှိနှိုင်းပေးတဲ့သူလိုလည်း ပါဝင်ရပြီး၊ သူ့ရဲ့နာမည်ကြီးမှုနဲ့ အက်ရှင်မင်းသားပုံစံက အခြေအနေကို ပိုရှုပ်ထွေးစေခဲ့တယ်။ အထူးသဖြင့် ဂျင်း-ကလော့ဒ်ကို အရမ်းကြိုက်တဲ့ တက္ကစီသမားတစ်ယောက်က သူ့ကို စာတိုက်ထဲထိ ခေါ်လာခဲ့တာပါ။ ဒီကားက ဟာသ၊ ဒရာမာနဲ့ အက်ရှင်ကို ပေါင်းစပ်ထားပြီး နာမည်ကြီး အက်ရှင်မင်းသားတစ်ယောက်ရဲ့ ပုဂ္ဂလိကဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပြထားတယ်။ နောက်ဆုံးမှာ ဂျင်း-ကလော့ဒ်က ပိုက်ဆံခြိမ်းခြောက်တောင်းမှုနဲ့ တစ်နှစ်ထောင်ကျခဲ့ရပြီး၊ အပ
ဇာတ်ကားကြည့်ရန်JCVD
2008
ဇာတ်လမ်းစစချင်းမှာ ‘ရန်’ဆိုတဲ့ ရဲတစ်ယောက်က အယ်မာဆိုတဲ့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ လမ်းဘေးတစ်နေရာမှာ သွေးအလိမ်းလိမ်းနဲ့ ခွေးသေတစ်ကောင်ကို ချီပြီး ရပ်နေတာကို မြင်လိုက်ရပါတယ်။ စခန်းကိုခေါ်လာပြီး စစ်ဆေးကြည့်တော့ ခွေးလေးနဲ့ လမ်းလျှောက်ထွက်ရင်း ဝံပုလွေတစ်ကောင်နဲ့ ဆိတ်အုပ်က သူမကိုတိုက်ခိုက်လို့ သူမရဲ့ ခွေးလေးက သခင်ကိုကာကွယ်ရင်း သေသွားရပါတယ်တဲ့။ ရန်ကို အယ်မာက အဲဒီဝံပုလွေကိုသတ်ပေးပါဆိုပြီး အကူအညီတောင်းလာတယ်။ သူတို့ပြည်နယ်မှာက ဝံပုလွေမသတ်ဖို့ တားမြစ်ထားတဲ့ ဥပဒေရှိတယ်။ ဒါပေမဲ့ ငယ်သူငယ်ချင်းဖြစ်နေတော့ .. အေး အေး သတ်ပေးပါမယ် .. ပေါ့။ နောက်တော့ ရန်ရဲ့ သားလေးက သူ့ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်ရင်း ခွေးရော လူရော ပျောက်သွားတော့တယ်။ ဒါ အယ်မာပြောတဲ့ ဝံပုလွေနဲ့ ဆိတ်အုပ်ရဲ့ လက်ချက်ပဲလို့ အခိုက်အမာတွက်ကာ သားဖြစ်သူကို လိုက်ရှာရင်း ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ပါဦး။ Psychological horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်Alma and the Wolf
2025
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဟောင်ကောင် horror movie လေးပဲဖြစ်ပါတယ်။ မွန် ကတော့ အသက် ၂ နှစ်အရွယ်ကတည်းက မျက်လုံးကွယ်ခဲ့တဲ့ မျက်မမြင်တစ်ဦးဖြစ်ပြီး သူအရွယ်ရောက်လာချိန်မှာ မျက်ကြည်လွှာအစားထိုးခွဲစိတ်မှုကြောင့် မျက်စိပြန်မြင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမျက်စိပြန်မြင်ပြီးနောက်မှာ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒါကြောင့် မွန်လည်းသူ့ကိုမျက်ကြည်လွှာလှူပေးတဲ့ အလှူရှင်ကို သူ့ဆရာဝန်နဲ့အတူလိုက်ရှာရင်း ဘာတွေသိလိုက်ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ရှူပေးကြပါဦး ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်The Eye
2002
ဒီဇာတ်ကားလေးကတော့ မိုင်ယာအက်ဇ်ကာဆိုသူ အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတဲ့ အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်လေးပါ။ မိုင်ယာနဲ့ အီတာတို့ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခင်ပြီး သံယောဇဥ်ရှိကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ ကျောင်းအားလပ်ရက်ရတုန်း သူငယ်ချင်းနှစ်ယောက်အတူတူ အမှတ်တရကောင်းတွေကို ဖန်တီးနေကြတာပါ။ တစ်နေ့ မိုင်ယာ့အစ်ကိုတို့သူငယ်ချင်းအဖွဲ့ နတ်ကြီးတယ်လို့ လူသိများတဲ့ ဂစ်ဒီတောင်ကို တောင်တက်ခရီးထွက်ဖို့ ဖြစ်လာကြပြီး မိုင်ယာတို့သူငယ်ချင်းနှစ်ယောက်ပါ အတူလိုက်ပါဖို့ ဖြစ်လာပါတယ်။ ဒီတောင်တက်ခရီးစဥ်တစ်လျှောက် ထိတ်လန့်စရာဖြစ်ရပ်တွေ ကြုံတွေ့ရပုံကို သေချာလေးပုံဖော်ရိုက်ကူးထားပါတယ်။ တောတောင်တွေဟာ နယ်မြေကြမ်းတမ်းလို့ အပြုအမူအပြောအဆို ဆင်ခြင်ရပါတယ်။ မသိလိုက်ပဲ အမှားအယွင်းပြုမိခဲ့ပါက ဒုက္ခရောက်ရပုံကို ထိတ်လန့်ဖွယ်ရာ ဇာတ်ဝင်ခန်းများစွာနဲ့အတူ ခံစားကြည့်ရှုရမယ့် အင်ဒိုဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Haunting of Mount Gede
2025
အဆိပ်ရှိစွန့်ပစ်ပစ္စည်းတွေကို ခိုးသယ်လာတဲ့ ထရပ်ကားနှစ်စီးဟာ မန်ဟက်တန်နဲ့ နယူးဂျာစီကို ဆက်ထားတဲ့ ဥမင်ကိုဖြတ်အမောင်းမှာ မတော်တဆမှူတစ်ခုကြောင့် တိုက်မိပြီး ပေါက်ကွဲမှုဖြစ်သွားပါတယ် အဆိပ်ရှိဓာတုပစ္စည်းတွေ ပေါက်ကွဲတာဖြစ်လို့ ပြင်းအားကြီးပြီး ဥမင်ပြိုကျသွားတဲ့အပြင် အဆိပ်ငွေ့တွေကြောင့် အန္တရာယ်ပိုများတဲ့အခြေနေဖြစ်သွားပါတယ် ပြိုကျတဲ့ဥမင်ထဲမှာ သေတဲ့သူကသေ ပိတ်မိတဲ့သူကပိတ်မိနဲ့ အပြင်နဲ့အဆင်အသွယ်ပြတ်သွားပါတယ် ဒီအခြေအနေကို အရေးပေါ်ဆေးဝါးကုသမှု အရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ ကစ် လက်တူရာ တစ်ယောက် ဥမင်ထဲထိ ကိုယ်တိုက်ဝင်ရောက်ပြီး ပိတ်မိနေသူတွေကိုကယ်တင်ဖို့ကြိုးစားပါတော့တယ် လူအမျိုးမျိုး စိတ်အထွေအထွေကို ကစ်တစ်ယောက် ဘယ်လိုကြိုးစားကယ်တင်မလဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှူ့ရမယ့်ကားလေးဖြစ်ပါတယ်။ ကစ် လက်တူရာ အဖြစ်နဲ့ မင်းသား Sylvester Stallone ပါဝင်သရုပ်ဆောင်ထာပြီး တခြားသော သရုပ်ဆောင်များစွာပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Theo ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Daylight
1996
ဘဝကိုပျော်ပျော်ပါးပါးပဲနေထိုင်ချင်ပြီး ကနေဒါမှာသွားနေဖို့က သူ့အိမ်မက်တစ်ခုဖြစ်တဲ့ဘိုနီတစ်ယောက်က ဦးလေးဖြစ်သူရဲ့တိုက်တွန်းချက်နဲ့အတူ သူလုံးဝ ဝါသနာမပါတဲ့ အစိုးရအလုပ်ကို လုပ်ဖို့အတွက်ဖြစ်လာပါတယ်။ နိုင်ငံခြားမှာအခြေချချင်တာက သူ့အိမ်မက်ဖြစ်ပြီး ဘယ်လိုပဲအစိုးရအလုပ်ကို မလုပ်ချင်ဘူးလို့ငြင်းဆန်ပေမဲ့ တစ်နေ့ နိုင်ငံခြားထွက်ဖြစ်တဲ့အချိန်မှာ အစိုးရအလုပ်က အထောက်အကူဖြစ်မှာပါဆိုတဲ့စကားကြောင့် အစိုးရဌာနတစ်ခုကို ဝင်မိချိန်မှာ အပြစ်မရှိပါဘဲ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် အချုပ်ထဲကိုဝင်ဖို့ဖြစ်လာရပါတယ်။ အချုပ်ကျနေချိန်မှာ ဘိုနီတစ်ယောက်က ဘယ်လိုထူးဆန်းဖွယ်ရာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကို စောင့်ကြည့်ရမယ် ထူးဆန်းထွေလာစိတ်ကူးယဉ်အချစ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Lovely
2025
ဒီဇာတ်ကားလေးဟာ Rating 8.3 ထိရထားပြီး ၂၀၂၃ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး Animation ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အန်းလုရှန်း(အန်းရှီ)ပုန်ကန်မှုအပြီး နှစ်အနည်းငယ်အကြာမှာ သာ့ထန်ပြည်ရဲ့နယ်စပ်ခံတပ်ဖြစ်တဲ့ ယွမ်ရှန့်ခံတပ်ဟာ ကာကွယ်မှု အားနည်းနေခဲ့ပါတယ်။ ထိုအခြေအနေကို ထူပေါ်စစ်တပ်မှ အခွင့်ကောင်းကိုယူပြီး ယွမ်ရှန့်ခံတပ်ထိုးစစ်ဆင်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးကောင်းရှစ်ဟာ လုရွှေခံတပ်သို့ ဆုတ်ခွာခဲ့ရပါတော့တယ်။ထိုအချိန်မှာ ချန်အန်းမြို့ဟာလည်း အန္တရာယ်ကြားထဲမှာ ကျရောက်နေခဲ့ရပါတယ်။ ထိုသို အမျိုးမျိုးသော ဘေးဒုက္ခတွေကြားမှာ အုပ်ချုပ်ရေးမှူးကောင်းရှစ်ဟာ ကျဆုံးလုနီးပါးဖြစ်နေတဲ့မြို့မှာ အင်အားကုန် တောင့်ခံထားပြီး စစ်ကူလာမယ့်အချိန်ကို စောင့်နေခဲ့ပါတယ် ။အဲဒီအချိန်မှာ မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက်ဟာ ကောင်းရှစ်ထံ ရောက်လာပြီး သူ့၏ အရင်းနှီးဆုံးမိတ်ဆွေ လီပိုင်နဲ့ သူ့ရဲ့ တွေ့ဆုံမှုအကြောင်းကို အစအဆုံးမေးမြန်းခဲ့တာကြောင့် သူဟာ သူနဲ့လီပိုင် ငယ်ရွယ်စဉ်အခါက တွေ့ဆုံပြီး ဝါသနာတူကာ ကဗျာတွေရေးဖွဲ့သီစပ်ခဲ့ပုံ နှင့် သူ့တို့ဘ၀ရဲ့ဖြတ်သန်းခဲ့ရပုံတွေကို နောက်ကြောင်းပြန်လည် ပြောပြခဲ့ပါတော့တယ်။ဇာတ်လမ်းလေးထဲမှာ ကောင်းရှစ်နဲ့ လီပိုင်တို့ရဲ့ ဘဝအထွေထွေ ဖြတ်သန်းခဲ့ရပုံနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကနေ လွတ်မြောက်အောင် အုပ်ချုပ်ရေးမှူးကောင်းရှစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Chang An
2023
ဒီတစ်ခါမှာတော့ Slow-Burn drama တစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ စိတ်လှုပ်ရှားစရာ၊ သည်းထိပ်ရင်ဖိုစရာဖြစ်ပေမဲ့ ဝုန်း"ဒိုင်း"မဟုတ်ဘဲ တဖြည်းဖြည်းချင်း အတွေးနဲ့ဇာတ်ရှိန်တက်ရတဲ့ ကားမျိုးပါ " Ghaath 2024 " ပါ ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့တောနက်ကြီးထဲက Jungle War တစ်ခုကို ဇာတ်အိမ်တည်ထားပါတယ် ဒီတောကြီးမှာ ကြီးစိုးနေတဲ့ မာအိုဝါဒီတွေ ၊ သူပုန်တွေနဲ့ ရဲတပ်ဖွဲ့ ၊ ပြည်သူ၊ ပြောက်ကျားတပ်ဖွဲ့တွေအကြားက အပြန်အလှန်တင်းမာပုံတွေကို Psycho ဆန်ဆန်ရိုက်ကူးထားတာပါ သမားရိုးကျ Movie တွေနဲ့မတူဘဲ ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်နဲ့ ထူးခြားတဲ့Movieတစ်ပုဒ်ဖြစ်တာမို့ ကြည့်ဖူးနေကျမဟုတ်ရင်တောင် Try ကြည့်ဖို့ အကြံပြုပါရစေ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Ghaath
2023
ဒီဇာတ်ကားလေးကတော့ အားလုံးသိကြမဲ့ နာမည်ကြီးကာတွန်းကားဖြစ်တဲ့ မူလန်ကို live action ပြန်ရိုက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မြောက်ပိုင်းဝေမင်းဆက်ခေတ်မှာ ရော့ရန်တွေက မြောက်ပိုင်းဒေသကို ကျူးကျော်လာတဲ့အခါ ဝေမင်းဆက်ရဲ့တိုင်းပြည်က ပြည်သူတွေအကုန်စစ်မှုထမ်းရဖို့ ဖြစ်လာပါတယ်။ မိန်းကလေးပေမဲ့ ပန်းထိုး၊ ဇာထိုးတာတွေဝါသနာမပါဘဲ ကိုယ်ခံပညာမှာထူးချွန်တဲ့ ဟွားမူလန်တို့အိမ်ကိုလည်း စစ်မှုထမ်းဖို့အမိန့်စာ ကျရောက်လာတဲ့အခါ... အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ဖခင်ကိုစိတ်မချတဲ့မူလန်က ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး စစ်ထဲဝင်ဖို့ပြင်ဆင်ပါတော့တယ်။ မူလန်တစ်ယောက် ကြမ်းတမ်းတဲ့စစ်မြေပြင်မှာယောက်ျားတွေနဲ့တန်းတူ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ရပုံတွေ၊ မိန်းကလေးတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ခိုက်ပုံတွေကို အတူတူကြည့်ရှုခံစားလိုက်ကြရအောင် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Honey ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Hua Mulan
2020
အခုတင်ဆက်ပေးချင်တာကတော့ OceanGateဆိုတဲ့ ရေငုပ်သင်္ဘောတည်ဆောက်တဲ့ ပရောဂျက်အကြောင်းပါ ရေငုပ်သင်္ဘောက ခါတိုင်းလို ပင်လယ်ပင်အောက်ပိုင်းအနည်းငယ်လောက်ပဲ ငုပ်မယ့်သင်္ဘောမဟုတ်ဘဲ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်နေတဲ့ ဟိုးအနက်ပေများစွာသွားမယ့် သင်္ဘောပါ ခါတိုင်းလိုကိုယ်ထည်ဆောက်လုပ်လို့မရဘဲ ကိုယ်တည်ပေါင်းများစွာ အင်ဂျင်နီယာပေါင်းများစွာနဲ့ စကော့တွန်ဆိုတဲ့ပိုင်ရှင်က ငွေအကုန်အကျအများကြီးခံကာ လူတွေပါတင်ခေါ်နိုင်တဲ့ ရေငုပ်သင်္ဘောအဖြစ်တည်ဆောက်ရာက ကြုံလာတဲ့အခက်အခဲတွေ ဆက်တိုက်ကျရှုံးနေပေမယ့် ဇွဲမလျှော့ဘဲနောက်မဆုတ်တဲ့ စကော့တွန်က နောက်ဆုံးတော့ပေါက်ကွဲသွားတဲ့ရေငုပ်သင်္ဘောအဖြစ် လူသိများသွားတဲ့အကြောင်း ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်လေးဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Titan: The OceanGate Disaster
2025
နင်မိုတို့မိသားစုလေးယောက်က ချစ်ချစ်ခင်ခင်ရှိပြီး သာယာတဲ့မိသားစုပါ။ အငယ်ဆုံးလေး နင်မို့ကို တစ်မိသားစုလုံးကဝိုင်းချစ်ကြတယ်။ တစ်နေ့ သူတို့မြို့ရဲ့ဝန်ကြီးချုပ်အသတ်ခံရပြီးနောက်ပိုင်း နေရာအနှံ့အဓိကရုဏ်းတွေဖြစ်လာကြတယ်။ အဲဒါနင်မိုတို့သားအမိလည်း ဘေးလွတ်ရာကိုကားနဲ့ထွက်ပြေးရင်း ဟာနာဆယ်အရောက်မှာ ကားမှောက်ပြီး နင်မိုကလွဲလို့ တစ်မိသားစုလုံးဆုံးပါးသွားတယ်။ ဂယောင်ဂတမ်းလျှောက်သွားရင်း လယ်ကွင်းထဲမှာ နင်မိုလည်းလဲကျသွားတယ်။ မနက်ကျ နင်မို့ကိုရမ်ဆင်းက ရှာတွေ့သွားပြီး အိမ်ကိုခေါ်သွားတယ်။ သူ့မိသားစုကိုရှာမတွေ့တာနဲ့မွေးစားလိုက်တယ်။ ရမ်ဆင်းနဲ့အန်ဂရယ်ဂျိုတို့လင်မယားက နင်မို့ကိုသမီးအရင်းလိုချစ်ကြပြီး ဆူဟာနီလို့နာမည်ပေးလိုက်တယ်။ ဆူဟာနီက ညဘက်တွေဆို အရင်မိသားစုအကြောင်းအိပ်မက်ဆိုးတွေမက်လေ့ရှိတယ်။ အဲဒီလိုနဲ့တစ်နေ့ သူမိသားစုကိုရှာဖို့ထွက်လာတဲ့အချိန်မှာ ဘာဆက်ဖြစ်မလဲဆိုတာတော့ ဒီကားထဲမှာစောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်The Lost Girl
2024
ဗီဇာ့မြို့လေးမှာ ကြောက်စရာကွင်းဆက်လူသတ်မှုများဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ လူသတ်ပြီးတာနဲ့ အလောင်းကိုဓာတ်ဆီနဲ့လောင်းပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် သေဆုံးသူက ဘယ်သူဘယ်ဝါဆိုတာ မသိရဘဲ လူ၆ ယောက်ထိ သေဆုံးမှုများဖြစ်လာခဲ့ပါတယ်။ ရဲဌာနရဲ့အစွမ်းအစကို မီဒီယာနဲ့ပြည်သူက မေးခွန်းတွေထုတ်လာခဲ့ပြီး ရဲဌာနအနေနဲ့လည်း သဲလွန်စမကျန်တဲ့ လူသတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် အခက်တွေ့နေခဲ့ပါတယ်။ အဲဒီအချိန်မှာတာဝန်ခံ စုံစမ်းရေးမှူးက ကားမတော်တဆမှုဖြစ်ပြီးဆေးရုံကိုရောက်သွားတဲ့အချိန်မှာ အမှုအခင်းများကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ရဲအရာရှိအာရာဗစ်ကို ကိုယ်စားတာဝန်ယူဖို့ အမှုတွေကို လွဲပေးလိုက်ပါတယ်။ ရဲအရာရှိအာရာဗစ်ကရော ထူးဆန်းထွေလာလူသတ်မှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ။ IMDP 7.5/10 အထိရရှိထားတဲ့အိန္ဒိယ လက်စားချေအက်ရှင်ဇာတ်လမ်းကောင်းလေးဖြစ်လို့ ပဟေဠိများကိုအဖြေရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Eleven
2025
ဒီဇာတ်ကားလေးကတော့ ပူလွန်ဂန်တွန်ဆိုတဲ့ နတ်ဆိုး ပူးကပ်ခံရတဲ့အကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ ဒီနတ်ဆိုးပူးကပ်ခံရတဲ့သူဟာ အသိစိတ်လွတ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေခြင်းနဲ့ ဘဝနိဂုံးချုပ်ရပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ရီယန်ဟာ ဖခင်ဖြစ်သူ သေဆုံးသွားလို့ သူတို့ရဲ့မွေးရပ်မြေရွာလေးကို ပြန်ရဖို့ ဖြစ်လာပါတယ်။ ဆယ်နှစ်ကျော်ခွဲနေရတဲ့ ဖခင်နာရေးမို့ သွားချင်ပေမယ့် မိခင်ဖြစ်သူက ခွင့်မပြုတာမို့ သူငယ်ချင်းတွေနဲ့အတူ ထွက်လာခဲ့ကြတာပါ။ ရီယန်တို့ရောက်သွားတဲ့အချိန်မှာတော့ ဖခင်ဖြစ်သူရဲ့နာရေးကို မမှီလိုက်ပဲ ပူလွန်ဂန်တွန်ကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း သိခဲ့ရပါတယ်။ ရွာထဲမှာလည်း နတ်ဆိုးသတ်လို့ သေသူအများပြားရှိနေတာကို သိလိုက်ရကာ အဖော်လိုက်လာတဲ့ သူငယ်ချင်းချစ်သူလေးကို ပူးကပ်ခံလိုက်ရတဲ့အချိန်မှာပဲ နတ်ဆိုးလက်က ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ နတ်ဆိုးစတင်အသက်ဝင်လာတဲ့အကြောင်းနဲ့ အတိတ်ကဖြစ်ရပ်တွေကို သိသွားတဲ့အခါမှာတော့...... ရီယန်တစ်ယောက် နတ်ဆိုးလက်ကလွတ်မြောက်အောင်ကြိုးစားရပုံကို စိတ်ခြောက်ခြားစရာဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Pulung Gantung
2025
မင်းသား Bruce Willis နဲ့ Alec Baldwin တို့ရဲ့ Thriller/ Action ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ‘အာ့ထ်ဂျက်ဖရီ’က FBI ရဲ့ အသွင်ယူ အထူးအေးဂျင့်တစ်ဦးဖြစ်ပြီး ဇာတ်လမ်းစစချင်းမှာပဲ ဘဏ်ဓားပြတိုက်မှုတစ်ခုမှာ ပြဿနာတက်ကာ ရုံးထိုင်ဘဝကို ရောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆိုင်မွန်ဆိုတဲ့ ၉နှစ်အရွယ်ကလေးတစ်ယောက်က ပဟေဠိတွေကို အဖြေရှာရတာ ကြိုက်နှစ်သက်တဲ့ အော်တစ်ဇင်ဖြစ်နေသူလေးပါ။ တစ်ရက် မဂ္ဂဇင်းတစ်ခုရဲ့ နောက်ကျောမှာပါတဲ့ ကုတ်တစ်ခုကိုဖြည်လိုက်နိုင်ကာ အဲဒီကုတ်မှာပါတဲ့ ဖုန်းနံပါတ်ကို သွားဆက်လိုက်ပါတော့တယ်။ သူဖြည်လိုက်နိုင်တဲ့ကုတ်က နိုင်ငံတော်လုံခြုံရေးအေဂျင်စီကနေ ဘီလီယံပေါင်းများစွာသုံးပြီး ဝှက်စာကို ဖော်ထုတ်နိုင်တဲ့လူများရှိမလားဆိုပြီး စမ်းသပ်တဲ့အနေနဲ့ မဂ္ဂဇင်းထဲကိုထည့်ထားတာပါ။ ဘီလီယံနဲ့ချီပြီး ဝှက်စာကိုရေးကာ အထက်လွှတ်တော်အထိ တင်ထားပြီးမှ ၉နှစ်သားလေးတစ်ယောက်က ဝှက်စာကို ဖော်နိုင်တယ်ဆိုတော့ အဲဒီအေဂျင်စီလည်း ပျားတုပ်ပါပြီ။ ကလေးကိုဖြောင်ဖို့လာပေမယ့် ကလေးရှာမတွေ့လို့ မိဘတွေကိုပဲ သတ်လိုက်ရပါတော့တယ်။ အဲဒီမှာ ရုံးအလုပ်ပဲလုပ်နေရရှာတဲ့ အထူးအေးဂျင့်ကြီးလည်း ကလေးပျောက်တဲ့အမှုဆိုပြီး ဒီတိုင်းသေးသေးမွှားမွှားအမှုပဲထင်ကာ လိုက်စစ်ဆေးရင်း ကလေးကိုရှာတွေ့လိုက်တဲ့အပြင် အန္တရာယ်ကျရောက်နေတာကိုပါ သိလိုက်ရတဲ့အခါ...။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ LYKZ က တင်ဆက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်Mercury Rising
1998
ဒီကားလေးကတော့ IMDb 6.9 အထိရထားပြီး ကိုရီးယားနိုင်ငံဟာ ဂျပန်လက်အောက်ကိုကျရောက်တဲ့အချိန် ကိုရီးယားဘာသာစကားအဘိဓာန်ထွက်ပေါ်လာအောင် ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို ဖော်ညွှန်းထားတဲ့ ဇာတ်ကားလေးပါ။ ဂင်ဖန်းဆူဟာ ရုပ်ရှင်ရုံစောင့်လုပ်ပေမဲ့ ရုံထဲလာနှိုက်တဲ့ ခါးပိုက်နှိုက်နဲ့အသိတွေမလို့ အလုပ်ထုတ်ခံလိုက်ရပါတယ်။ သားဖြစ်သူကလည်း ဂျပန်ကျောင်းမှာ ကျောင်းလခမပေးနိုင်လို့ တအားရိုက်နှက်ခံရပါတယ်။ ကျောင်းလခမပေးရင် ကျောင်းထုတ်မယ်ဆိုတဲ့စာ အိမ်ကိုပို့လာတာမလို့ ဂင်ဖန်းဆူလည်း ကြံရာမရဘဲ ခါးပိုက်နှိုက်စလုပ်ပါတော့တယ်။ ရူဂျောင်ဟွမ်ကတော့ ကိုရီးယားစာပေအသင်းရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ကိုရီးယားအဘိဓာန်ကိုခိုးထုတ်ဖို့ လုံးပန်းနေတဲ့သူပါ။ အသိဆရာတွေဆီကနေ စကားလုံးစုဖို့အတွက်လိုအပ်တဲ့ စာအုပ်တွေသယ်ပြီး ပြန်လာတဲ့လမ်းမှာ ဂင်ဖန်းဆူရဲ့ ခါးပိုက်နှိုက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ရူဂျောင်ဟွမ်နဲ့ ဂင်ဖန်းဆူတို့ရဲ့ တွေ့ဆုံမှုက ဒီလိုမျိုးစတင်ခဲ့ပြီး ဘယ်လိုအရာတွေနဲ့ ဆက်ကြုံတွေ့ရမလဲဆိုတာ... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Secret Mission
2019
ဒီဇာတ်ကားက Lost Bullet (2020) ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမကားကို ကြည့်ပြီးရင်တော့ ပိုကြည့်ကောင်းပါတယ်။ လီနိုရဲ့ဆရာ ချားရက်စ် သေဆုံးပြီးနောက် လီနိုနဲ့ ဂျူလီရာတို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ကြတယ်။ ဇာတ်လမ်းအစမှာ လီနိုက တိုက်ခိုက်မှုတစ်ခုကနေ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်နေပြီး သူ့ညီလည်း အသတ်ခံလိုက်ရတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ကျူးလွန်ခဲ့တဲ့ မာကိုနဲ့အရက်စကာကို အသည်းအသန်ရှာဖို့ ကြိုးစားတယ်။ သူ့ညီနဲ့ ဆရာသခင်ကို သတ်ခဲ့တဲ့ သူတွေကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လီနိုက သူ့လိုက်လံရှာဖွေမှုကို ဆက်လုပ်နေပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ သူ့လမ်းကြောင်းမှာ အတားအဆီးဖြစ်ခွင့် မပေးဘူး။ Lost Bullet (2020) ရဲ့ အဆက်ဖြစ်တဲ့ Lost Bullet 2 (2022) မှာ လီနိုက မတရားစွပ်စွဲခံထားရသူအဖြစ်ကနေ လွတ်မြောက်ပြီး သူ့အပေါ် သစ္စာဖောက်ခဲ့တဲ့ မဖြောင့်မတ်တဲ့ ရဲတွေကို အလဲထိုးဖို့ ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ပြင်သစ်ဇာတ်ကားတွေရဲ့ ထူးခြားတဲ့ ကားမောင်းဇာတ်အိမ်တွေ ပစ်ခတ်မှုတွေနဲ့ ကြည့်လို့အရမ်းကောင်းတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လီနိုအဖြစ် မင်းသား Alban Lenoir၊ ဂျူလီရာအဖြစ် မင်းသမီး Stéfi Celma နဲ့ မာကိုအဖြစ် မင်းသား Sébastien Lalanne တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက AWY ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Lost Bullet 2: Back for More
2022
Final Destination franchise ရဲ့ နောက်ဆုံးထွက် Bloodline မှာတော့ မိသားစုတစ်စုထဲမှာ ကျိန်စာသင့်နေတဲ့ ကံတရားကို ပုံဖော်ထားပါတယ်။ ရက်စက်တဲ့ သေပုံသေနည်းတွေ ကံတရားကို စိန်ခေါ်ပုံတွေကို ရသတစ်မျိုးနဲ့ ခံစားနိုင်မှာပါ။ ကောလိပ်ကျောင်းသူဖြစ်တဲ့ စတက်ဖနီဟာ တူညီတဲ့ အိပ်မက်ဆိုးကိုပဲ ထပ်ခါထပ်ခါမက်နေပြီး အဲဒီအိပ်မက်ဟာ 1960 ပြည့်နှစ်တွေတုန်းက အမှန်တကယ်ဖြစ်သွားတဲ့ တာဝါပြိုကျပြီး လူရာချီ သေဆုံးသွားတဲ့ မတော်တဆမှုဖြစ်နေပါတယ်။ အဲဒီအိပ်မက်ထဲမှာ နောက်ဆုံးသေသွားတဲ့လူက သူ့အဘွား အိုင်းရစ်စ်ဖြစ်နေတာပါ။ အဲဒါကြောင့် စတက်ဖနီက အိမ်ကိုပြန်လာပြီး သူ့အဘွားအကြောင်းစုံစမ်းပါတယ်။ ဖြစ်ချင်တော့ အဲဒီတုန်းက accident မှာ သူ့အဘွားက နိမိတ်ကြိုမြင်ပြီး လူတွေအသက်ဆုံးရှုံးမှာကို ကယ်ခဲ့လို့ သေမင်းက အဲဒီထဲပါခဲ့တဲ့ လူတွေအားလုံးကို တာဝန်ကျေပွန်စွာ လိုက်သတ်နေတာပါ။ အထူးသဖြင့် အိုင်းရစ်စ်ရဲ့မျိုးဆက်တွေက အစတည်းက ရှိမလာရမှာဖြစ်တဲ့အတွက် သူတို့မိသားစုအလှည့်ကို ရောက်လာတဲ့အခါမှာတော့ သေမင်းကို လှည့်စားဖို့ ကြိုးပမ်းရင်း ကျိန်စာကနေ လွတ်မြောက်ပြီး အသက်ရှင်မလားဆိုတာ...အဆုံးထိ စိတ်ဝင်စားဖွယ် စီးမျောအားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Final Destination: Bloodlines
2025
မင်းသားဗီဂျေးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ လက်စားချေအက်ရှင်သည်းထိတ်ရင်ဖို စွန့်စားခန်းအပြည့်နဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ထောင်ကထွက်လာတဲ့ ကန်နန်တစ်ယောက်က ဘဝကို ရိုးရိုးရှင်းရှင်းသာမန်လူတစ်ဦးအနေနဲ့ နေထိုင်ချင်ခဲ့ပေမဲ့ အခြေအနေက မပေးခဲ့ပါဘူး။ ချစ်သူရာကူးရဲ့အလုပ်အဆင်ပြေဖို့ လောင်းကစားလုပ်မိရာက ဖဲလိမ်အရိုက်ခံရပြီး လူဆိုးဂိုဏ်း ခေါင်းဆောင်ဆီမှာ သန်းနဲ့ချီတဲ့အကြွေးတွေ တင်ခဲ့ပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်က သူ့အကြွေးကို တစ်ပတ်အတွင်းပြန်ဆပ်ခိုင်းတဲ့အချိန်မှာ လိုနေတဲ့ငွေကို ရှာဖွေဖို့အတွက် ဘဏ်ကိုဓားပြတိုက်ရာကနေပြီး သူ့ရဲ့ ဘယ်လိုအရှုပ်အထွေးများထဲကို ဝင်သွားခဲ့ရမလဲ သူ့ရဲ့ သရုပ်မှန်ကရော ဘာလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Rating 7.2/10 အထိရရှိထားပြီးဟာသဆန်ဆန် ရယ်မောစရာအပြည့်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းများကို ယှဉ်တွဲကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Ace
2025
လျှို့ဝှက်ဆန်းကြယ်ပြီး သည်းထိပ်ရင်ဖိုဖြစ်ရတဲ့ ဇာတ်ကားတွေကြိုက်လား ဒါဆိုရင်တော့ " Kanika 2025 " ကိုညွှန်းပေးပါရစေ ချစ်သူ့ရဲ့အလှည့်စားခံရပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့ သခင်မလေးကာနီကာ ပူဗရာရှီအိမ်တော်ကြီးမှာ သခင်မလေးရဲ့ဝိညာဉ်ဟာ သူ့ချစ်သူ့ကိုစောင့်မျှော်နေခဲ့ပါတယ် တစ်ဘက်မှာလည်း ဒီဆန်းကြယ်တဲ့အကြောင်းအရာကို စာရေးဆရာမတစ်ဦးက စာအုပ်ထုတ်ရေးသားဖို့လုပ်ခဲ့ပါတယ် ဒီအခါမှာ ကာနီကာသေဆုံးမှုရဲ့ဖြစ်ရပ်မှန်ကဘာလဲ ချစ်သူကဘယ်လိုလှည့်စားထားခဲ့လဲ ? ဒါတွေကို တဖြည်းဖြည်းသိလာရပြီး ကာနီကာဝိညာဉ်က အကူအညီတောင်းခံလာတဲ့အခါ... စာရေးဆရာမလေးဘယ်လိုဖြေရှင်းဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Karnika
2024
ဒီရုပ်ရှင်မှာ အမိုက်စား Action တွေနဲ့ Martial arts တွေကို ဝေဝေဆာဆာ မြင်ရမှာပါ။ အာဏာကြီးပြီး ကြွယ်ဝတဲ့ ဂန်းစတား ဗင်းဆန့်တေနဲ့ အယ်လီဆာတို့သားအဖဟာ အယ်လီဆာရဲ့မိခင်ဖြစ်သူ သေဆုံးပြီးတည်းက အဖေတစ်ခုသမီးတစ်ခု နေလာတာပါ။ တစ်နေ့မှာ ခရစ်စ်ဆိုတဲ့ လူတစ်ယောက် ပေါ်လာပြီး အယ်လီဆာကိုပြန်ပေးဆွဲသွားတယ်။ ခရစ်စ်က ထောင်ထွက်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်သူ အယ်လီဆာရဲ့အဖေရင်းလို့ပါ ပြောနေပေမယ့် အယ်လီဆာကတော့ မယုံပါဘူး။ ဒါပေမဲ့လည်း ခရစ်စ်လက်ကနေ ထွက်မပြေးနိုင်ဘဲ ပါသွားပါတယ်။ အယ်လီဆာရဲ့အဖေ ဗင်းဆန့်တေကလည်း သူ့သမီးကို ပြန်ခေါ်ဖို့ ဆိုက်ကိုလူသတ်သမားကို ငှားလိုက်ပါတယ်။ အယ်လီဆာက ခရစ်စ်နဲ့အတူ ပြေးရင်းလွှားရင်း သူ့မေနဲ့ဗင်းဆန့်တေ သူ့အဖေရင်းတို့ရဲ့ အတိတ်ဖြစ်ရပ်တွေ ခရစ်စ်ထောင်ကျခဲ့တဲ့ အကြောင်းရင်းတွေပါ သိလာပြီး ခရစ်စ်ကို သူ့အဖေအဖြစ် လက်ခံသွားမှာပါ။ ဒီပြန်ပေးဆွဲတဲ့အဖြစ်ကနေ နောက်ဆုံးမှာ ဘာတွေဖြစ်မလဲဆိုတာကတော့ ဆက်လက်ရှုစားကြပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Diablo
2025
ဒီဇာတ်ကားလေးကတော့ နတ်ဆိုးရဲ့သတို့သမီးဆိုတဲ့အတိုင်း နတ်ဆိုးတစ်ပါးနဲ့လက်ထပ်လိုက်တဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ နတ်ဆိုးနဲ့လက်ထပ်ကြတယ်ဆိုတာဟာခန္ဓာကိုယ်နဲ့စိတ်ဝိညာဥ်ကို နတ်ဆိုးထံအပ်နှင်းပြီး အပြန်အလှန်အနေနဲ့ ကျန်းမာရေး သို့မဟုတ် ချမ်းသာကြွယ်ဝမှုနဲ့ အလဲအလှယ်လုပ်ကြတာ ဖြစ်ပါတယ်။ အသက်နဲ့ခန္ဓာကိုယ်ကို ပေးအပ်ထားတာမို့ နတ်ဆိုးက ကိုယ့်ခန္ဓာကိုယ်ကို တဖြည်းဖြည်းဝါးမျိုရင်း ဖျက်စီးခြင်းကို ခံရပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ရမ်တီဆိုတဲ့ အမျိုးသမီးဟာ သမီးဖြစ်သူရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားရင်း နတ်ဆိုးနဲ့လက်ထပ်လိုက်ရတာ ဖြစ်ပါတယ်။ မိခင်မေတ္တာတရားကို ဖော်ကျူးရင်း ထိတ်လန့်ခြောက်ခြားစရာ ပူးကပ်မှုဇာတ်ဝင်ခန်းများစွာနဲ့ ခံစားကြည့်ရှုရမယ့် အင်ဒိုနီးရှားဟော်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်The Demon's Bride
2025
မင်မင်းဆက်အဆုံးမသတ်ခင် ၂ နှစ်လောက်အလိုမှာ မင်ပြည်ကြီးရဲ့ကံတရာအပြောင်းအလဲဖြစ်မှာကို မသိကြဘဲ ခံယူချက်ကိုယ်စီနဲ့ စွမ်းစွမ်းတမံကြိုးစားကြတဲ့ စစ်သူကြီးတစ်ယောက်နဲ့ ဆေးဆရာတစ်ယောက်။ မင်ပြည်မှာ သူပုန်ထ၊ ရိက္ခာအလုံအလောက်မရှိရတဲ့အထဲ ရောဂါဆန်းကြီးတစ်ခုကပါ စစ်စခန်းထဲမှာ ဖြစ်လာတော့ စစ်သူကြီးနဲ့ သမားတော်တို့တွေ နည်းလမ်းမျိုးစုံသုံးပြီး အဖြေရှာကာ စစ်တိုက်ထိုက်နိုင်ဖို့ ကြိုးစားကြမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်