ကြမ္မာရေးတဲ့ဖူးစာ (၂၀၂၆) "တစ်ခေတ်တစ်ခါက တစ်ပြည်လုံး မုန်းခဲ့ရတဲ့သူက... အခုတော့ အချစ်တော် ဖြစ်လာတဲ့အခါ..." ထိုင်းစီးရီး ဖန်တွေကြားမှာသာမက အာရှတစ်ခွင်လုံး ဟိုးလေးတကျော် ပေါက်ခဲ့ပြီး ရယ်လည်းရယ်ရ၊ ရင်လည်းခုန်ခဲ့ရတဲ့ ဂန္ထဝင် Time-Travel ရိုမန့်ကားကြီး Love Destiny ကို မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ အခု ၂၀၂၆ မှာတော့ အဲဒီနာမည်ကျော် စာရေးဆရာမ Rompaeng ရဲ့ ဝတ္ထုကိုပဲ အမိုက်စား Concept အသစ်၊ ခံစားမှု ရသအသစ်နဲ့ ရိုက်ကူးပုံဖော်ထားတဲ့ Augustနဲ့Leng တို့ရဲ့ Love Destiny (2026) BL version အသစ်စက်စက်ကြီး ထွက်ရှိလို့ လာပါပြီ။ ဇာတ်လမ်းအစမှာတော့ ဂရိတ် ဆိုတဲ့ ကောင်လေးဟာ ခေတ်သစ်က စိတ်ထားကောင်းပြီး အမြဲတမ်း သူများတွေကို ကူညီတတ်တဲ့ အကောင်းမြင်ဝါဒီ ခေတ်သစ် ခွဲစိတ်ဆရာဝန်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပြီးနောက် သတိရလာတဲ့ အချိန်မှာ... သူဟာ အယုဒ္ဓယခေတ် ကို ရောက်နေပြီး ဖောကဲယောက်ဆိုတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေခဲ့ပါတယ်။ ပြဿနာက အဲဒီ ဖောကဲယောက်ဆိုတာ အယုဒ္ဓယတစ်ခုလုံးက ဝိုင်းမုန်းကြတဲ့ နာမည်ကျော် ပြဿနာအိုး အမွှေစိန်ကြီး ဖြစ်နေတာပါပဲ။ အထူးသဖြင့် သူ့အစ်ကို ဖောဒေ့ဆိုရင် သူ့ကို ကြည့်တောင် မရလောက်အောင် အစွမ်းကုန် မုန်းတီးနေတဲ့သူပေါ့။ လက်ရှိခေတ်ကို ပြန်လာဖို့ နည်းလမ်း ရှာမတွေ့တော့တဲ့ အဆုံးမှာတော့ ဂရိတ်တစ်ယောက် ဖောကဲယောက်ရဲ့ ခန္ဓာကိုယ်နဲ့ အယုဒ္ဓ
ဇာတ်ကားကြည့်ရန်