Assalamualaikum Beijing 2: Lost in Ningxia (2025) +++++++++++++++++++ ဒီရုပ်ရှင်လေးက ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား-တရုတ် ပူးပေါင်းရုပ်ရှင်တစ်ကားဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကိုယ်ပိုင်လက္ခဏာနဲ့ ဝိညာဉ်ရေးရာ ရှာဖွေမှုတွေကို ဇာတ်လမ်းဖွဲ့ထားတာပါ။ အဓိကဇာတ်လမ်းကတော့ Aisha လို့ခေါ်တဲ့ အင်ဒိုနီးရှားရုပ်သံသတင်းထောက်တစ်ယောက်ဟာ သူ့ချစ်သူ Arif နဲ့ အတူရှိဖို့ ယုံကြည်ခြင်းအတွက် အစ္စလာမ်ဘာသာကို ကူးပြောင်းပြီး တရုတ်နိုင်ငံ နင်ရှာပြည်နယ်ကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ Aisha ရောက်လာချိန်မှာ Arif တစ်ယောက် ပျောက်ဆုံးနေခဲ့တာကြောင့် Aisha ရဲ့ စွန့်စားရှာဖွေမှုတွေ စတင်ရင်း မိုဆိုတဲ့ အင်ဒိုနီးရှားဘာသာရေးဆရာလေးနဲ့အနေနီးရင်း အစ္စလာမ်ဘာသာကို ပိုမိုယုံကြည်သက်ဝင်လာခဲ့သလို ချစ်ခြင်းရဲ့အေးချမ်းမှုကိုပါ ရှာတွေ့ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Aisha ဟာ ခရီးသွားရင်း သူ့ချစ်သူအတွက်တင်မက၊ သူ့ကိုယ်သူ နားလည်ဖို့ရော၊ ပျောက်ဆုံးသွားတယ်လို့ ခံစားရတဲ့ သူ့အတွက်အမှန်တကယ်အရေးကြီးတဲ့အကြောင်းရင်းတွေကိုပါပြန်လည်ရှာဖွေရမှာဖြစ်ပါတယ် . ဒီရုပ်ရှင်ကို အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပြီး နင်ရှာပြည်နယ်ဆိုတာ တရုတ်နိုင်ငံမှာရှိတဲ့ ဟွေးလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဒေသဖြစ်ပါတယ်။ ဒါကြောင့် ဒီရုပ်ရှင်ဟာ နိုင်ငံခြားယဉ်ကျေးမှုတွေကြားက ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှုနဲ့ နားလည်မှုရှာဖွေပုံတ
ဇာတ်ကားကြည့်ရန်