တွမ်ခရုဇ် အဓိကပါဝင်ထားတဲ့ The Mummy မှာ ခရူးဆိတ်စစ်ပွဲဝင် သူရဲကောင်းတစ်ဖွဲ့ဟာ အေဒီ ၁၁၂၇ ခုနှစ်က ရှေးဟောင်းအီဂျစ်နိုင်ငံဆီက ပတ္တမြားကြီးတစ်လုံးကို ရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်အသားနဲ့ မြှုပ်နှံထားခဲ့ပါတယ်။ ယနေ့ခေတ် လန်ဒန်မြို့မှာ မြေအောက်ရထားလမ်းဖောက်နေတဲ့ လုပ်သားတွေက အဲဒီသူရဲကောင်းတွေရဲ့ဂူကို တွေ့သွားတယ်။ ဂူထဲက ထူးဆန်းတဲ့အရာတွေနဲ့ အမှတ်အသားတစ်ခုကို စူးစမ်းရာကနေ ဖာရိုးဘုရင်တစ်ပါးရဲ့သမီး အာမာနက်မင်းသမီးအကြောင်း ပေါ်လာပါတယ်။ အာမာနက်ဟာ မူလက ထီးနန်းဆက်ခံရမယ့်သူဖြစ်ပေမယ့် ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးလာတဲ့အခါ အဲဒီအခွင့်အရေးကို လက်လွှတ်ရမယ့်အခြေအနေ ဖြစ်သွားတယ်။ သူသာ ထီးနန်းဆက်ခံရမယ်လို့ ဆုံးဖြတ်ထားတဲ့ အာမာနက်က အီဂျစ်နတ်ဘုရား ဆက်ဆီ သူ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ အဲဒီနောက် ခမည်းတော်နဲ့ မိသားစုကို သတ်ပစ်ပြီး ဆက်ကို လူသားအသွင်နဲ့ ပေါ်လာစေဖို့ သူ့ချစ်သူကိုပါ စတေးခဲ့တယ်။ ဘုန်းတော်ကြီးတွေကတော့ အာမာနက်ကို အရှင်လတ်လတ် မြှုပ်နှံပြီး ဂူပတ်လည်မှာ ပြဒါးတွေ ဝန်းရံထားခဲ့ပါတယ်။ ယနေ့ခေတ် အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်အရာရှိ နစ်မော်တန်နဲ့ လုပ်ဖော်ကိုင်ဖက် ခရစ္စဗေးလ်တို့က အာမာနက်ရဲ့ဂူကို မထင်မှတ်ဘဲ ရှာတွေ့သွားတယ်။ နစ်ရဲ့ချစ်သူဟောင်း ရှေးဟောင်းသုတေသနပညာရှင် ဂျန်နီဟာလ်ဆေလည်း ရောက်လာပြီး ဂူကို စူးစမ်းခဲ့ပါတယ်။ နောက်တော့ ကာနယ်ကရင်းဝေးရဲ့ ညွှန်ကြားချက်နဲ့ အာမာနက်ရဲ့အခေါင်းကို ဆက်လေ့လာဖို့ အင်္ဂလန်ဆီ လေယာဉ
ဇာတ်ကားကြည့်ရန်