ဇာတ်ကားများ ရွေးရန်

My Tomorrow, Your Yesterday

2026ဇာတ်ကားအမှတ် 5.4/10

Plot ဆန်းဆန်းလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဘတ်စ်ကားပေါ်က ရိုးရှင်းတဲ့ အကြည့်ချင်းဆုံဆည်းမှုတစ်ခုကနေ အစပြုခဲ့တဲ့ သူတို့ရဲ့ အချစ်ဟာ ရင်ခုန်စရာအကောင်းဆုံး နွေဦးရာသီတစ်ခုလို လှပနေခဲ့ပါတယ်။ ကျန်းနန်ဆန်းနဲ့ လီအိုက်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြင်းပြင်းထန်ထန် ချစ်မြတ်နိုးမိသွားကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရင်ထိတ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို သတိထားမိလာကြပါတော့တယ်။ အဲ့ဒါကတော့ သူတို့နှစ်ယောက်ရဲ့ အချိန်စီးဆင်းမှုနှုန်းဟာ လုံးဝကို ဆန့်ကျင်ဘက် ပြောင်းပြန်ကြီး ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ နန်ဆန်းအတွက် နောက်ဆုံးနေ့ရက်ဖြစ်နေတာဟာ လီအိုက်အတွက်တော့ အစပြုခြင်း ပထမဆုံးနေ့ ဖြစ်နေခဲ့ပါတယ်။တစ်ယောက်ရဲ့ အနာဂတ်က နောက်တစ်ယောက်ရဲ့ အတိတ်ဖြစ်နေတဲ့ ဒီလိုဆန်းကြယ်လှတဲ့ ကံကြမ္မာဆိုးကြီးအောက်မှာ သူတို့နှစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့တာက တိုတောင်းလှတဲ့ တစ်လတာကာလလေးပါပဲ။ ဒါပေမဲ့ အဲ့ဒီအချိန်တိုလေးအတွင်းမှာပဲ သူတို့ဟာ တစ်သက်တာလုံးအတွက် လုံလောက်တဲ့ အမှတ်တရတွေကို အတူတူဖန်တီးခဲ့ကြပြီး အိပ်မက်နဲ့ လက်တွေ့ကြားမှာ တွေဝေနေချိန်မှာတောင် သူတို့ရဲ့အချစ်က ပိုလို့တောင် ခိုင်မာလာခဲ့ပါတယ်။ အချိန်တွေ ဘယ်လိုပဲ ပြောင်းပြန်စီးဆင်းနေပါစေ၊ ခွဲခွာခြင်းဆိုတဲ့ နိဂုံးဆီကို ဦးတည်နေမှန်း သိရက်နဲ့ပဲ... "မင်းရဲ့ဘေးနားမှာ အမြဲတမ်း ရှိနေချင်ပါတယ်" ဆိုတဲ့ အချစ်တွေနဲ့ အချိန်နာရီတွေကို အန်တုရင်း ရုန်းကန်သွားကြမယ့် ဒီဇာတ်လမ်းလေးဟာ ရင်ကိုနက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားစေမယ့် အချစ်ရဲ့အလှတရားပါပဲ။ Filesize : 1.53 GB / 835 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Romance and Fantasy Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း