ဇာတ်ကားများ ရွေးရန်

The Scarlet Letter

1995ဇာတ်ကားအမှတ် 6.1/10135 မိနစ်

The Scarlet Letter (1995) IMDb Rating (5.4) / Rotten Tomatoes (11%) ဟတ်စတာပရိုင်းဟာ လွတ်လပ်တဲ့အယူအဆရှိတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး သူ့အတွေးအခေါ်အယူအဆတွေဟာရှေးရိုးစွဲ ဘာသာစွဲ စည်းကမ်းတင်းကျပ်လွန်းတဲ့ ပရူရီတန်ခရစ်ယာန်ဂိုဏ်းရဲ့ မျက်မုန်းကျိုးမှုကိုခံရသူဖြစ်ပါတယ်။ သူ့ခင်ပွန်းဖြစ်သူ ပျောက်ဆုံးနေချိန်မှာ လူငယ်ဓမ္မဆရာတစ်ယောက်ဖြစ်တဲ့ အာသာနဲ့ချစ်ကြိုက်မိပြီး မေတ္တာမျှရာကနေ ကိုယ်ဝန်ဆောင်ရချိန်မှာတော့ သူနဲ့ပရူရီတန်အသိုင်းအဝိုင်းကြား အားပြိုင်မှုဟာ အမြင့်ဆုံးဖြစ်သွားခဲ့ပါတယ်။ သူတို့ရဲ့တင်းကျပ်တဲ့စည်းမျဉ်းတွေအရ သူနဲ့ချစ်ကြိုက်နေသူ ဘယ်သူဆိုတာ အများသိသွားရင် နှစ်ယောက်လုံးကွပ်မျက်ခံရမှာဖြစ်လို့အပြစ်ကို သူတစ်ယောက်တည်းခံယူပြီး ခေါင်းမာမာနဲ့ဆက်လက်ဆန့်ကျင်နေခဲ့ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာမှ သေဆုံးသွားပြီလို့ထင်ထားတဲ့ခင်ပွန်းဖြစ်သူ ပြန်ရောက်လာပြီး သူနဲ့ချစ်ကြိုက်နေတဲ့သူဘယ်သူဆိုတာ ရအောင်ဖော်ထုတ်ပြီး ကလဲ့စားချေဖို့အရေးစိုင်းပြင်းလာချိန်မှာတော့..။ ဒီဇာတ်ကားဟာ နာမည်ကျော်ဂန္ဓဝင်၀တ္ထုကြီးဖြစ်တဲ့ Nathaniel Hawthorne ရဲ့ The Scarlet Letter ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးမူရင်း၀တ္ထုရဲ့လေးနက်မှုတွေကိုလျှော့ချပစ်ပြီး ဟောလိဝုဒ်ပုံစံ အချစ်ဇာတ်လမ်း၊ အက်ရှင်နဲ့အဖော်အချွတ်တွေထည့်သွင်းထားတာကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပေမယ့် ဒမ်မီမိုးနဲ့ဂယ်ရီအိုးမန်းတို့ရဲ့ Chemistry နဲ့သရုပ်ဆောင်ချက်တွေကိုတော့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ၁၇ ရာစုနောက်ခံအပြင်အဆင်နဲ့ဝတ်စုံဒီဇိုင်းတွေလည်းသေသပ်လှပတာကြောင့် စာပေသမားတွေကငြိုငြင်ခဲ့ကြပေမယ့် သမိုင်းနောက်ခံမေတ္တာဖွဲ့ဇာတ်လမ်းနှစ်သက်သူတွေ သဘောကျကြမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (3 GB) / (1.4 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 02:15:40 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း