Let's Love (2026) မင်းသားကြီး မာတင် ဖရီးမန်း အပါအဝင် The Hunger Games , Five Nights at Freddy's ထဲကမင်းသား Josh Hutcherson တို့ပါဝင်ထားတဲ့ စိတ်ဝင်စားစရာ အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တစ်ကမ္ဘာလုံးမှာ တစ်ဟုန်ထိုး ပေါက်ကွဲအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရှိခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ အဲဒီရုပ်ရှင်ရဲ့ ဖန်တီးရှင်တွေနဲ့ မင်းသား၊ မင်းသမီးတွေဟာ အရှိန်အဝါတွေ ကျဆင်းပြီး ဘဝကို အပြင်းအထန် ရုန်းကန်နေရတဲ့ အခြေအနေကို ရောက်ရှိနေကြပါပြီ။ ဇာတ်လမ်းကတော့ အဆိုပါရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာ နိုင်ဂျယ် ဒါရိုက်တာ အန်ဒရီယာနဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ကြတဲ့ ဂျက်ဆင်နဲ့ ဂျက်စ်တို့ လေးဦးဟာ... သူတို့ရဲ့ ကျဆင်းနေတဲ့ အနုပညာသက်တမ်းကို တစ်ကျော့ပြန် အသက်သွင်းဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့... ဝေးစ်မှာ ကျင်းပမယ့် ရုပ်ရှင်ချစ်သူများ ပရိသတ်ပွဲတော် တစ်ခုဆီကို ရောက်ရှိလာပြီး ပြန်လည်ဆုံတွေ့ကြရာကနေ စတင်ထားပါတယ်။ ဆယ်နှစ်အကြာမှာ ပြန်ဆုံကြတဲ့အခါ... အတိတ်က ရှိခဲ့ဖူးတဲ့ အနုပညာအာဃာတတွေ၊ လျှို့ဝှက်အချစ်ဇာတ်လမ်းဟောင်းတွေ၊ အတ္တတွေနဲ့ ခေတ်သစ် Pop-Culture ရဲ့ ပရိသတ်တွေကြားထဲမှာ သူတို့လေးဦးတစ်ယောက် ဘယ်လိုမျိုး အလွဲလွဲအချော်ချော် ဉာဏ်ကစားပွဲတွေ ကြုံတွေ့ရမလဲ၊ အချင်းချင်း ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ဘဝရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ဝေးစ်နိုင်ငံရဲ့ လှပတဲ့ ဆောင်းဦးနောက်ခံကြားထဲမှာ ဘယ်လိုရှာဖွေမလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်