Avatara Purusha ဆိုတဲ့ဒီဇာတ်ကားလေးဟာ ၂၀၂၂ ခုနှစ်တုန်းက part 1 အနေနဲ့တစ်ခေါက်ထွက်ထားပြီး ဒီနှစ် ၂၀၂၄ မှာတော့ part 2 အနေနဲ့ နောက်တစ်ခေါက်ထပ်ထွက်ခဲ့ပါတယ်။ ပထမကားမှာတုန်းကတော့ သားဖြစ်သူကိုရှာရတဲ့အကြောင်းတွေကို မှော်ပညာရောနှောရင်းကြည့်ရှုခဲ့ရပါတယ်။ ဒီ part 2 မှာတော့ သားအစစ်ဖြစ်သူ ကာနာတစ်ဖြစ်လဲ ကူမာရာ တစ်ယောက် အိမ်ပြန်ရောက်လာတော့ သားအနေနဲ့ဟန်ဆောင်သရုပ်ဆောင်ဖို့ငှားထားတဲ့ အာနေးတစ်ယောက်ကတော့အိမ်ပေါ်က လစ်ထွက်လာရပါတယ်။ ဒါပေမဲ့လို့ သားအစစ်ဖြစ်သူ ကူမာရာဟာ တစ်ခုခုထူးဆန်းနေပြီး အမှောင်မှော်ဆရာကြီး ဒါကာရာဟာလည်း ''ထရီကူရှန် မာနီ'' ကိုရအောင်ယူဖို့ကြိုးစားနေပါတယ်။ မှော်ပညာအားပြိုင်မှုတွေကြား အိုဗာအိုက်တင်တစ်အားကြိုက်တဲ့ သရုပ်ဆောင်ကြီး အာနေး ဒါကာရာကိုဘယ်လိုတားဆီးမလဲ၊ အာနေးကို ''ရာမာ ဂျွိုက်'' တို့အိမ်ကရောပြန်လက်ခံမှာလားဆိုတာကိုတော့ဒီဇာတ်လမ်းလေးမှာကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ စုဝင်းပြည့်ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်