
လူကြည့်များသော ရုပ်ရှင်များ
ကြည့်ရှုမှုအများဆုံး ရုပ်ရှင်များကို အစဉ်လိုက် စုထားပါသည်။
26927 ကား
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်နှစ်သက်သူတွေအဖို့ Horror, Mystery အမျိုးအစား ကိုးရီးယားသရဲကားလေးထွက်ရှိလာပြန်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ သရဲခြောက်တဲ့အိမ်တွေကိုသွားပြီး သဲထိတ်ရင်ဖိုချယ်နယ်တွေကို ဖန်တီးနေတဲ့လူငယ်တစ်စု။ သူတို့ထဲကတစ်ယောက်ဟာ စွန့်ပစ်ထားတဲ့အဆောက်အဦးပျက်မှာ Live လွှင့်ရင်းပျောက်သွားတာကို လုပ်ဇာတ်လို့ပြောနေကြတဲ့လူတွေရှိသလို သရဲကြောင့်တစ်ခုခုဖြစ်သွားတယ်လို့ ကောလဟာဟတွေအများကြီးထွက်နေပါတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ဟာ အဲဒီအဆောက်အဦးပျက်ကြီးကိုသွားပြီး လုပ်ဇာတ်ကြီးလား တကယ်ပဲ တစ်ခုခုဖြစ်သွားတာလားဆိုတာ ဖော်ထုတ်ဖို့ရောက်သွားခဲ့ကြပါတယ်။ အဲဒီတော့ သူတို့ထင်ထားသလိုမျိုးလုပ်ဇာတ်ကြီးဖြစ်နေမလား ထင်မှတ်မထားတဲ့အရာတွေနဲ့ကြုံတွေ့ရမလားဆိုတာကို အဲဒီအဆောက်အဦးပျက်ကြီးထဲမှာ ကိုယ်တိုင်ရောက်နေသလို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ MCEC ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Streamer
2023
ဒီတစ်ခေါက်မှာတော့ချစ်ခြင်းမေတ္တာကို လှပစွာဖော်ကျုးထားတဲ့ Barfiဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ရန်ဘီးကပူးရ်၊IIlenaနဲ့ပရီရန်ကားတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးဟာ ဆွံ့အနားမကြားကောင်လေးဘာဖီ၊ ပြည့်စုံတဲ့ကောင်မလေးရှရူတီနဲ့ ၊အော်တစ်ဇင်ဖြစ်နေတဲ့ကောင်မလေး ဂျဟ်မီလ်တို့ကြားကLove Triangleလေးကို နူးညံ့စွာပုံဖော်ထားတာဖြစ်ပါတယ် ဘာဖီနဲ့ရှရူတီဟာအချင်းချင်းချစ်ခဲ့ကြပေမဲ့ ရှရူတီဟာ ရင်ဆိုင်ရမယ့်အနာဂတ်ကို ကြောက်တာမို့ ဘာဖီကိုထားခဲ့ကာ အမျိုးသားတစ်ဦးနဲ့လက်ထပ်သွားပါတော့တယ် ဘာဖီဟာလည်း အကြောင်းရင်းတချို့ကြောင့် ဂျဟ်မီလ်နဲ့နီးစပ်သွားခဲ့ပြီမှး သူ့ဆီကိုရှရူတီပြန်ရောက်လာချိန်မှာတော့ သူတို့သုံးယောက်ဘာတွေဖြစ်ကြမလဲ ဘယ်လိုတွေကျော်ဖြတ်ကြမလဲဆိုတာ ဇာတ်လမ်းအေးအေးလေးလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှု့ရမှာဖြစ်ပါတယ်.. ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Barfi!
2012
Scotland က Highgrave ရဲတိုက်မှာ တစ်ညအတွင်းဖြစ်ပေါ်သွားတဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေကို ကြည့်ရှုခံစားရမယ့် Neeyatဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေကို နှစ်နှစ်တာ လစာဖြတ်ကျတာကြောင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့ဝန်ထမ်းရှစ်ယောက်နဲ့ တစ်ခြားသောပြစ်မှုတွေကို တာဝန်မယူဘဲ လန်ဒန်ကိုထွက်ပြေးလာတဲ့ အေကေစက်ရုံလုပ်ငန်းစုပိုင်ရှင််ဘီလီယံနာ အာရှစ်ကာပူရ်။ အေကေနဲ့ သူ့ရဲ့ ထူးဆန်းတဲ့မိသားစုဝင်တွေနဲ့ မိတ်ဆွေတစ်ချို့က သူ့ရဲ့ မွေးနေ့ပါတီမှာ ရောက်ရှိလာကြတဲ့ ညမှာတော့ ဆန်းကြယ်မှုတွေနဲ့ လူသတ်မှုတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်.... အဲ့ညမှာပဲ လူသတ်မှုတွေကို စုံစမ်းမယ့် စီဘီအိုင်အမျိုးသမီးအရာရှိမီရာက သူ့ရဲ့ဉာဏ်ရည်ကို အသုံးချပြီး ဒီလူသတ်မှုကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Neeyat
2023
ဒီတစ်ခေါက်မှာတော့၂၀၁၈က ထွက်ရှိထားတဲ့အဂျေးသရုပ်ဆောင်ထားတဲ့Raidဆိုတဲ့ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဖြောင့်မတ်မှန်ကန်ပြီးတရားနည်းလမ်းကျလွန်းလို့ လူမုန်းများကာ တာဝန်ကျရာခဏခဏအရွှေ့ဆိုင်းခံရတဲ့ ဝင်ငွေခွန်အရာရှိအာမေးဟာ လက်ခ်နောင်းကိုရောက်လာချိန်မှာလည်း သတင်းပေးတစ်ဦးကြောင့် လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လေးစားခံရတဲ့ တာအူဂျီရဲ့အိမ်ကိုလျှပ်တပြက် ဝင်စစ်ဆေးဖို့အကြောင်းဖန်လာပါတော့တယ် အဲ့အိမ်ကြီးထဲမှာသတင်းထဲကအတိုင်း သူရထားတဲ့ငွေမည်းတွေကိုသိမ်းဆည်းမိပါ့မလား တာအူဂျီကရောဘယ်လို လှည့်ကွက်တွေသုံးပြီးအနိုင်ယူဖို့လုပ်မလဲဆိုတာကို တွေ့ရမှာဖြစ်ပြီးတာဝန်သိတဲ့ အရာရှိကောင်းတစ်ဦးအကြောင်းကို ပညာသားပါစွာရိုက်ကူးထားတာကို စိတ်ဝင်တစားကြည့်ရှု့ရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတော့ Khin Khinဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Raid
2018
ဒီကားလေးက တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားပါ။စွန့်စားရတာကို ကြိုက်နှစ်သက်တဲ့Yossi ဆိုတဲ့တစ်ယောက် ကျောင်းဆရာ Marcus နဲ့ ဓာတ်ပုံဆရာ Kevin တို့သုံးယောက်ဟာ Bolivia နိုင်ငံကိုရောက်ရှိလာပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားခဲ့ကြပါတယ် ။ အဲ့လိုနဲ့ သူတို့သုံးယောက်ဟာ ခရီးဆက်ရင်း Karl ဆိုတဲ့ ရွှေရှာနေတဲ့သူနဲ့တွေ့ပြီး Karl က Yossi ကို အင်ဒီယန်းလူမျိုးစုတွေရှိတဲ့နေရာကိုခေါ်သွားတဲ့အခါ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ wa lone ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Jungle
2017
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးတော့ ၂၀၂၂ နှစ်မှာထွက်ရှိခဲ့တဲ့ Fantasy, Horror အမျိုးအစား အီတလီဇာတ်ကားလေးပါ။ ဒန်ဖီယာဆိုတာ သွေးစုပ်ဖုတ်ကောင်တစ်ဝက် လူသားတစ်ဝက်ဖြစ်နေတဲ့သတ္တဝါပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဟာလန်ဟာ သူ့ကိုယ်သူဒန်ဖီယာဆိုတာသိပေမယ့် သူ့ဆီမှာအစွမ်းထက်တဲ့စွမ်းအင်တွေရှိနေတာကိုတော့ မသိခဲ့ပါဘူး။ ဟာလန်ဟာ သူ့ရဲ့မန်နေဂျာနဲ့အတူ နယ်တကာလှည့်ပြီး မကောင်းဆိုးဝါးမိစ္ဆာနှိမ်နှင်သူလိုအယောင်ဆောင်ကာ ရိုးသားတဲ့ရွာသူရွာသားတွေကို လိမ်လည်လှည့်ဖျားရင်း အသက်မွေးဝမ်းကျောင်းပြုနေတာပေါ့။ တစ်နေ့မှာတော့ ရွာတစ်ရွာမှာမကောင်းဆိုးဝါး လုပ်ဇာတ်ခင်းနေတဲ့ဟာလန်ကို စစ်သားတွေရောက်လာပြီး ဖမ်းဆီးသွားပါတော့တယ်။ ဖြစ်ချင်တော့ ဟာလန်ကိုဖမ်းဆီးသွားတဲ့ တပ်ဖွဲ့ဟာ ညဘက်မှာ တကယ့်သွေးစုပ်ဖုတ်ကောင်တွေနဲ့ရင်ဆိုင်နေရတာပါ။ တစ်ဖက်မှာလည်း ညရဲ့အရှင်သခင်ဟာ ဒန်ဖီယာဖြစ်တဲ့ဟာလန်ကိုသတ်ဖို့ အစီအစဉ် ဆွဲနေပါတယ်။ အဲဒီတော့ ဟာလန်ဟာ သွေးစုပ်ဖုတ်ကောင်တွေနဲ့ဘယ်လိုရင်ဆိုင်မလဲ။ သူ့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်တွေကိုရော ကျော်လွှားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Dampyr
2022
ရဲတွေကလူဆိုးတွေကြားထဲမှာအသွင်ယူပြီးအမှုတွေကိုဖော်ထုတ်စုံစမ်းတဲ့ကားတွေကိုကြည့်ဖူးကြမှာပါ။ဒီကားကတော့အဲ့လိုကားတွေထဲမှာတော်တော်မိုက်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဘော်ဘီဆိုတဲ့ရဲတစ်ယောက်ကသူ့မိန်းမနောက်ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလက်ပူးလက်ကြပ်မိပြီးတဲ့နောက်မှာသူ့မိန်းမနဲ့ဖောက်ပြန်နေတဲ့ကောင်ကိုစိတ်လွတ်ကိုယ်လွတ်ထိုးနှက်ခဲ့ပါတော့တယ်။အဲ့လိုနဲ့သူ့မိန်းမလဲသူ့ဆီကထွက်သွားသလိုရာထူးအချခံရပြီးရဲဌာနမှာစာရေးဘဝကိုရောက်သွားပါတော့တယ်။ဒီလိုနဲ့စိတ်ပျက်လက်ပျက်ဘားမှာသောက်စားမူးရူးနေတုန်းအိမ်သာထဲမှာလူနှစ်ယောက်ရန်ဖြစ်နေတာကိုမြင်ပြီးခံရတော့မဲ့လူဘက်ကဝင်ထိုးပြီးအားရပါးရဆွမ်းကြီးထပ်လောင်းပြန်ပါတော့တယ်။ဖြစ်ချင်တော့သူကူညီပေးလိုက်တဲ့လူကသူတို့မြို့မှာကြီးစိုးနေတဲ့လူဆိုးအဖွဲ့ထဲကအဖွဲ့သားတစ်ယောက်ဖြစ်နေပါတယ်။ဒီလိုနဲ့ဘော်ဘီလဲသူတို့အကြောင်းတွေကိုစုံစမ်းကြည့်ရင်းနဲ့အသွင်ယူပြီးတစ်ဖွဲ့လုံးကိုဖမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အဲ့လိုမှသူရာထူးလဲပြန်တက်ပြီးသူ့မိန်းမကိုရမယ်လို့တွေးနေခဲ့ပြီးကြိုးစားပမ်းစားအသွင်ယူလုပ်ကိုင်ပါတော့တယ်။အဲ့လိုအသွင်ယူနေရင်းနဲ့တွေ့ကြုံလာရတဲ့အတွေ့အကြုံတွေ တစ်ခါတစ်လေအဲ့ဒီလူဆိုးဘဝကိုပဲစိတ်ပါမလိုဖြစ်သွားခဲ့တဲ့အချိန်တွေစသဖြင့်ဘော်ဘီတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုတွေ့ရမဲ့အပြင် နောက်ဆုံးမှာရောသူလိုက်နေခဲ့တဲ့လူဆိုးအဖွဲ့ကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖ
ဇာတ်ကားကြည့်ရန်Inside Man
2023
အရှေ့တစ်ခေါက်က တင်ဆက်ပေးခဲ့တဲ့ (The Crossing) ဇာတ်ကားရဲ့ ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ပေးချင်ပါတယ်။ စစ်ပွဲကြောင့် တစ်နယ်စီဝေးခဲ့ရတဲ့စုံတွဲတွေရဲ့ ဝမ်းနည်းဖွယ်ခွဲခွါမှုတွေကို ကြည့်ရှုခဲ့ရပြီးတဲ့နောက်မှာတော့ စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ စစ်ဘေးရှောင်ရတဲ့ဒုက္ခကြောင့် တရုတ်ကနေ ထိုင်ဝမ်ကိုကူးတဲ့ ထိုက်ဖင်သင်္ဘောကြီးဟာ ရှိသင့်တဲ့တန်ချိန်ထက် အလေးချိန်တွေပိုပြီး အရှိန်မထိန်းနိုင်တဲ့အပြင် အမှုထမ်းတွေရဲ့ပေါ့ဆမှုတွေကြောင့် တခြားသင်္ဘောကိုဝင်တိုက်မိပြီး နစ်မြုပ်သွားခဲ့ရပါတယ်။ နစ်မြုပ်သွားမဲ့ ထိုက်ဖင်သင်္ဘောပေါ်မှာ ဘယ်သူတွေ လိုက်ပါလာကြမလဲ...။ စစ်ကြောင့် ရှင်ကွဲကွဲခဲ့ရတဲ့မိသားစုတွေ သင်္ဘောနစ်မြုပ်မှုကြောင့် သေကွဲကွဲရတော့မှာလား...။ ဒါမှမဟုတ် ပြန်လည်ပေါင်းစည်းခွင့်ရသွားကြမှာလား...စတာတွေကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Crossing 2
2015
Horror Movieကြိုက်သူဆိုရင်တော့ Oculusဟာ ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းတစ်ခုလုံးဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပြီး ဘယ်ဟာကအစစ်အမှန်လဲဆိုတာတောင် ပြောရခက်လှပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တင်မ်နဲ့ကေသီတို့ရဲ့ မိဘတွေဟာ အိမ်ပြောင်းလာပြီနောက် သူတို့အဖေဖြစ်သူဟာ အိမ်မှာပဲ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုလုပ်ပြီး အလုပ်ဆက်လုပ်ပါတယ်။ အဲ့ရုံးခန်းထဲမှာ အလှဆင်ဖို့ဆိုပြီး ရှေးဟောင်းမှန်တစ်ချပ်ကိုလည်း ဝယ်ထည့်ထားလိုက်ပါတော့တယ်။ ထိုမှန်ဟာ သရဲစွဲကပ်နေတယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အဲ့မှန်ဟာ အိမ်မှာရှိတဲ့ သက်ရှိမှန်သမျှရဲ့ အသက်ဓာတ်ကိုစားသုံးပြီး သူတို့အဖေရဲ့စိတ်ကို ဆွဲဆောင်ကာ မကောင်းတဲ့အရာတွေကိုလုပ်စေခဲ့ပြီးနောက် သူတို့ရဲ့မိဘနှစ်ယောက်လုံးကို ဆုံးရှုုံးလိုက်ရပါတော့တယ်။ အဲ့မှန်ဟာသူ့ပါတ်ဝန်းကျင်မှာ ရှိတဲ့အသက်ဓာတ်တွေကို စားသုံးပြီး ဆက်လက်ရှင်သန်နေခဲ့တယ်ဆိုတာကို သိခဲ့ရပြီးနောက်မှာတော့ ကေသီဟာ သူ့မိဘတွေအတွက် လက်စားချေဖို့လုပ်ပါတော့တယ်။ သူမရဲ့ လက်စားချေမှုဟာ အောင်မြင်သွားမလား ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါအုံး.... ဒီဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ innocentsheep ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Oculus
2013
ဒီတစ်ခေါက်မှာတော့၂၀၂၂တုန်းက ထွက်ရှိခဲ့တဲ့အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် လူ၁၃ယောက်ကိုသတ်ခဲ့တဲ့ အကြမ်းဖက်သမားဟက်ဂူလ်ဟာ ထွက်ပြေးလာပြီးတိုက်ခန်းတစ်ခန်းကို ဝင်စီးကာအဲ့တိုက်ခန်းမှာရှိတဲ့အိမ်ရှင်မတစ်ဦးဖြစ်သူဆန်ချီကို ဓားစာခံအဖြစ်ထားပါတော့တယ် ဆန်ချီဟာလည်းခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေးဖောက်ပြန်တာကို ခံနေရပြီးသူ့ကိုသတ်ပေးဖို့ဂူလ်ကို မကြောက်မရွံ့စတင်တောင်းဆိုပါတော့တယ် တစ်ဖက်မှာလည်းဆန်ချီရဲ့ ခင်ပွန်းဖြစ်သူယာသာ့သ်ဟာ သူ့ဇနီးကစိတ်ရောဂါခံစားနေရသူဖြစ်ပြီး သူ့ကိုလည်းဖောက်ပြန်နေတယ်လို့ စိတ်ကူးယဉ်နေကြောင်း ရဲတွေကိုပြောပြကာဇနီးဖြစ်သူကို ကယ်တင်ပေးဖို့တောင်းဆိုပါတယ် အေစီပီမာလိခ်ဟာလည်း အကြမ်းဖက်သမားဂူလ်ကဒီလောက်မရိုးရှင်းကြောင်း ရည်ရွယ်ချက်ရှိရှိလူ၁၃ယောက်ကိုသတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြောပြနေပြီး တိုက်ခန်းထဲမှာလည်းဂူလ်ဟာ ရင်းနှီးလာတဲ့ဆန်ချီကို သူဟာချောက်ချခံခဲ့ရတယ်ဆိုတဲ့အကြောင်း စတင်ရင်ဖွင့်ပါတော့တယ် ဇာတ်လမ်းတစ်ပုဒ်ထဲမှာလူလေးယောက် ဗားရှင်းလေးမျိုးနဲ့သူတို့မှာ ဘယ်သူတွေပြောတာကအမှန်လဲ ဘယ်သူတွေကတော့လိမ်နေတာလဲ အဆုံးသတ်မှာဘာတွေဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းအစကနေအဆုံးထိတိုင်အောင် ပဟေဠိပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာဖြစ်ပါတယ်... ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်...
ဇာတ်ကားကြည့်ရန်Dhokha
2022
အံ့ဩစရာ ဆန်းကြယ်မှုတွေ ထိတ်လန့်စရာတွေ ပြည့်နေတဲ့ mystery ဆန်ဆန် စိတ်လှုပ်ရှားဖွယ် ကားတစ်ကားဖြစ်ပါတယ်။ မိဘမဲ့ကလေးတစ်ယောက်ကို မွေးစားမိတဲ့ မိသားစုတစ်စုရဲ့ အိပ်မက်ဆိုးကြီးအကြောင်းပါ။ ကိတ်နဲ့ ဂျွန်တို့ ဇနီးမောင်နှံက တတိယမြောက်ကလေး ကိုယ်၀န်ရှိလာပြီး မွေးတဲ့အချိန်မှာ ကလေးက အဖက်မတင်ခဲ့ပါဘူး။ ဒီအတွက်ကိတ်က အမြဲ အိပ်မက်ဆိုးတွေမက်နေခဲ့ပြီး စိတ်ရောဂါကုဆရာ၀န်နဲ့ပါ ပြနေရပါတယ်။ သူမရဲ့ ဒုတိယကလေး မက်စ်က သူမ အရက်မူးပြီး ကားမောင်းတဲ့အတွက် ရေကန်ထဲနစ်လုနီးပါး ဖြစ်ခဲ့လို့လည်းပါပါတယ်။ မက်စ်က စကားမပြောနိုင်တဲ့အပြင် နားပါ ကောင်းကောင်းမကြားရတဲ့ ကလေးမလေးပါ။ ကိတ်ကလည်း ယူကြုံးမရဖြစ်ပြီး အရက်ပါဖြတ်ခဲ့ပါတယ်။ အဲ့နောက် ကိတ်က သေသွားတဲ့ သမီးလေးအစား ဖြေသိမ့်ဖို့ ကလေးတစ်ယောက် ထပ်မွေးစားဖို့ စီစဉ်ပါတော့တယ်။ ကိတ်တို့သွားတဲ့ မိဘမဲ့ဂေဟာမှာ ချစ်စရာကောင်းတဲ့ ၉နှစ်အရွယ် ကလေးမလေး အက်စ်သာကို တွေ့ပြီး သဘောကျသွားတဲ့အတွက် မွေးစားဖြစ်သွားပါတယ်။ အက်စ်သာရောက်လာတဲ့အချိန်ကစပြီး မိသားစုထဲမှာ ထူးဆန်းတာတွေ ဖြစ်လာပါတယ်။ အက်စ်သာက။ ထူးဆန်းတဲ့အပြုအမူတွေရှိပြီး ကျောင်းမှာရော အိမ်မှာပါအမြဲပြသာနာတက်ပါတယ်။ သူက ကိတ်တို့ထင်သလို သာမန် မိဘမဲ့ကလေးမလေးပဲလား၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ဖုံးကွယ်ထားတာလဲဆိုတာကို ဇာတ်လမ်းအစအဆုံးသိချင်စိတ်အပြည့်နဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Orphan
2009
ဒီဇာတ်ကားလေးက စူပါဟီးရိုးကားတွေကြိုက်နှစ်သက်သူတွေအဖို့ အသစ်ထွက်ရှိလာတဲ့ Animation, Action, Adventure ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျက်စတစ်လိဂ်တစ်ဖွဲ့လုံးဟာ မျှော်စင်ကျွန်းဆိုတဲ့နေရာကို အပို့ခံလိုက်ရပြီး အားလုံးဆယ်ကျော်သက်တွေဖြစ်ကုန်တဲ့အပြင် အစွမ်းတွေပါသုံးလို့မရတော့တဲ့အခြေအနေကိုရောက်သွားပါတယ်။ အဲဒီတော့ သူတို့ဟာ ကမ္ဘာသစ်မှာအသားကျဖို့ကြိုးစားရင်း အစွမ်းရှိတဲ့တခြားအဖွဲ့တစ်ဖွဲ့နဲ့ဆုံခဲ့ပါတယ်။ အဲဒီတော့ ဂျက်စတစ်လိဂ်အဖွဲ့ဟာ ဘာမှန်းမသိတဲ့ကမ္ဘာကြီးကိုရောက်လာတဲ့ အကြောင်းအရင်းနဲ့ အိမ်ပြန်မယ့်နည်းလမ်းရှာကြရင်း ဒီကိစ္စတွေရဲ့နောက်ကွယ်ကကြိုးကိုင်သူကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ အရမ်းမိုက်တဲ့အက်ရှင်ခန်းတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Justice League x RWBY: Super Heroes and Huntsmen Part One
2023
သရဲကားတွေထဲမှာတော်တော်လေးမဆိုးဘူးလို့ပြောရမဲ့ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့အင်ဒိုသရဲကားလေးဖြစ်ပြီး Youtube မှာတင်ထားတဲ့ဗီဒီယိုအတို "Waktu Maghrib" ကိုအခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အာဒီနဲ့ဆာမန်တို့ကရွာလေးတစ်ရွာမှာနေထိုင်တဲ့အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီးကျောင်းလဲအမြဲတမ်းအတူတူနောက်ကျပါတယ်။နောက်ကျတိုင်းလဲဆရာမရဲ့အဆူအဆဲကိုအမြဲတမ်းခံနေရပြီးအမြဲတမ်းနှစ်ယောက်သားအတူတူအပြစ်ပေးခံရပါတယ်။သူတို့ရွာမှာကညဘက်မိုးချုပ်တာနဲ့အပြင်ထွက်တာမကောင်းဘူးဆိုတဲ့အယူအဆတစ်ခုရှိပါတယ်။တစ်နေ့မှာတော့ညဘက်ပြမဲ့ပွဲတစ်ခုကိုသူငယ်ချင်းနှစ်ယောက်သားမရမကသွားမယ်လို့ဆုံးဖြတ်ရင်းနဲ့တခြားရွာမှာလုပ်မဲ့အဲ့ဒီပွဲကိုသွားဖို့သူငယ်ချင်းနှစ်ယောက်ကားကြုံလိုက်စီးခဲ့ပါတော့တယ်။ကားပေါ်မှာသူငယ်ချင်းနှစ်ယောက်သားစကားတွေပြောရင်းနဲ့ဆာမန်ကဆရာမကိုသေစေချင်တယ်လို့ပြောလိုက်ပါတော့တယ်။သိပ်မကြာခင်မှာပဲသူတို့ရဲ့ဆရာမကမတော်တဆဖြစ်ပြီးဆုံးပါးသွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းဆာမန်တစ်ယောက်အရင်နဲ့မတူပဲသရဲပူးကပ်ခံရသလိုတွေဖြစ်လာပြီးသူတို့ရဲ့ရွာလေးမှာလဲကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုထိတ်လန့်စရာစိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Waktu Maghrib
2023
Rating ကြမ်းကြမ်းနဲ့ သရဲကားလေးထွက်ရှိလာပြန်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ၈နှစ်အရွယ်ကောင်လေး ပီတာဟာ ညအိပ်ရာဝင်တိုင်း အိမ်နံရံထဲကနေမိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားနေရပါတယ်။ သူ့မိဘတွေကိုပြောပြပေမယ့် သူပြောတာကို မယုံကြည်ကြပါဘူး။ တစ်ညမှာတော့ ပီတာဟာအရဲစွန့်ပြီး အဲဒီမိန်းကလေးကို စကားပြန်ပြောဖို့ဆုံးဖြတ်လိုက်ရာက မမျှော်လင့်ပဲ သူ့မိဘတွေရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ MCEC ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Cobweb
2023
ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့အချိန် ပြည်တွင်းရေးမငြိမ်မသက်တွေဖြစ်ခဲ့သလို တရုတ်လူတန်းစားအလွှာမျိုးစုံကလည်း စစ်ရဲ့အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ စီးပွားရေးပျက်ကပ်နဲ့ ဆာလောင်ငတ်မွတ်မှုဒဏ်ကို အလူးအလဲခံစားခဲ့ကြရတယ်။ အဲဒီလိုဆင်းရဲဒုက္ခတွေကြားထဲကမှ တွေ့ကြုံဆုံခဲ့ရပြီး ချစ်မေတ္တာတွေဖြစ်ခဲ့ကြတဲ့ စုံတွဲ၃တွဲရဲ့ ကံတရားကလည်း ယမ်းနံ့ဝေနေတဲ့ စစ်ပွဲကြားမှာ ဘယ်လိုတွေမြေစာပင်ဖြစ်ခဲ့ကြမလဲ...။ လူမျိုးရေးခြားနားမှုတွေကြားမှာ ဘယ်လိုကွေကွင်းသွားကြရမလဲ...။ စစ်မတိုက်ရဖို့ ရွေးချယ်ခွင့်မရှိခဲ့တဲ့ သာမန်ပြည်သူအနေနဲ့ရော တိုင်းပြည်အတွက် ဘယ်လိုတွေအသက်ပေးသွားကြရမလဲ... စတာတွေကို လူတန်းစားအလွှာစုံကနေ မြင်သာအောင်ရိုက်ကူးပေးထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Crossing
2014
နာမည်အတိုင်းပဲ တိုင်ပေမှာ အချစ်ဇာတ်လမ်းလေး ပေါ်ပေါက်လာတာပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ကျောင်းသားကားလေးဖြစ်ပါတယ်။ အဲဗားက အမေရိကမှာ မိဘတွေနဲ့နေပြီး ဆေးကျောင်းတက်ဖို့ ပြင်နေတဲ့သူပါ။ သူ့တစ်ဘ၀လုံး စာပဲလုပ်နေခဲ့ပြီး ပျော်စရာသိပ်မရှိဘူးလို့ ခံစားမိလို့ မိဘတွေက ထိုင်ဝမ်က နွေရာသီကျောင်းကို ပို့လိုက်ပါတယ်။ အဲ့ကျောင်းက ထိုင်ဝမ်ယဉ်ကျေးမှုနဲ့ သမိုင်းကို လေ့လာရင်း လူငယ်တွေ ရင်းနှီးလာအောင် စီစဉ်ပေးတဲ့ ပရိုဂရမ်ပါ။ တကယ်ရောက်လာတော့ ထင်သလို မတင်းကျပ်ဘဲ လူငယ်တွေက အချစ်လှေလို့တောင် ခေါ်တဲ့ ဒိတ်ဖို့ရှာတဲ့နေရာတစ်ခုလိုဖြစ်နေပါတယ်။ အဲဗားက မိဘတွေစိတ်တိုင်းကျ လာခဲ့ပေမယ့် သူကိုယ်တိုင်တော့ စိတ်သိပ်မပါလှပါဘူး။ သူလုပ်ချင်တာက ဆေးကျောင်းမတက်ဘဲ အကသမားဖြစ်ချင်တာပါ။ ဒီလိုနဲ့ စာပဲသိတဲ့ ရိုးရိုးအေးအေး အဲဗားနဲ့ နွေရာသီကျောင်းက အခန်းဖော် သူငယ်ချင်း ဆိုဖီတို့ ဘယ်လို ပျော်ရွှင်မှုတွေရှာကြမလဲ...အဲဗားရော သူလုပ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်သွားလား၊ အချစ်လှေဆိုတဲ့နာမည်အတိုင်း ချစ်သူရော ရှာတွေဦးမှာလားဆိုတာ ဆက်အားပေးလို့ရပါပြီ။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ Shue Lai KK ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Love in Taipei
2023
ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းများနှင့် အသုံးအနှုန်းများ) မသင့်တော်တဲ့အသုံးအနှုန်းပြကွက်တွေပါဝင်တာကြောင့် အရွယ်မရောက်သေးသူတွေ ၊ မိသားစုတွေနဲ့အတူကြည့်ရှူရန်မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆန်နီနဲ့အာဒီရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်။ အချစ်ဆိုတာကိုတန်ဖိုးမထား လိင်မှုကိစ္စကိုပဲအာရုံထားပြီး play boyဖြစ်ချင်ကြတဲ့သူတွေပေါ့။ တကယ့်ဆရာကြီးဆီမှာသွားပြီးသင်ယူကြတဲ့အထိ play boyဖြစ်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့တကယ်ချစ်ရတဲ့သူတွေနဲ့တွေ့တော့ သူတို့အချစ်ကိုရဖို့ဘယ်လိုကြိုးစားကြမယ်။ ဘယ်လိုအခက်အခဲတွေ ရှိမယ်ဆိုတာကို စီးမြောရင်းနဲ့ ကြည့်ရှူလိုက်ကြပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Mastizaade
2016
မွေးကတည်းက အကြောဆွဲရောဂါ (Tourette's Sydrome)ကို ခံစားနေခဲ့ရတဲ့ 'နိုင်နာ'ဆိုတဲ့မိန်းကလေးဟာ ငယ်စဉ်တည်းက ကျောင်းဆရာမတစ်ယောက်ဖြစ်ချင်ခဲ့ပြီး အရွယ်ရောက်လာတော့လဲ ကျောင်းဆရာမအလုပ်ရဖို့ကြိုးစားခဲ့ပါတယ်။ အကြောဆွဲရောဂါရှိနေတဲ့ ဆရာမကိုဘယ်သူကမှမခန့်ချင်တာကြောင့် ကျောင်းပေါင်းဆယ့်နှစ်ကျောင်းဆီက အငြင်းခံခဲ့ရပေမဲ့ အကြောဆွဲရောဂါကြောင့် အားငယ်မနေပဲ ဆက်ကြိုးစားတဲ့အခါ ဆယ့်သုံးကျောင်းမြောက်ကျောင်းမှာတော့ ကျောင်းဆရာမလုပ်ခွင့်ရသွားခဲ့ပါတယ်။ အကြောဆွဲနေတဲ့ဆရာမဖြစ်တဲ့အတွက် ကျောင်းကလူတွေသူ့ကိုဝိုင်းလှောင်ကြပေမယ့် 'နိုင်နာ'ကတော့ ဇွဲမလျှော့ပဲ သူသင်ကြားပေးရမယ်ဆိုတဲ့ တစ်ကျောင်းလုံးက အထင်သေးနေခဲ့တဲ့ကိုးတန်းအက်ဖ်ခန်းကိုထူးချွန်ကျောင်းသားဆုတံဆိပ်ရအောင် သူလုပ်ပေးနိုင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ ကြိုးစားရင်းပြဿနာတွေနဲ့ပိုပိုရင်ဆိုင်လာရတဲ့ အခြေအနေမှာ'နိုင်နာ'တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ။ ဒီဆိုးသွမ်းလှတဲ့ကျောင်းသားတွေကို ဆုတံဆိပ်ရအောင်သင်ပြပေးနိုင်ပါ့မလား။ ဆရာတစ်ယောက်ရဲ့မေတ္တာနဲ့အတူ ကျောင်းသားတွေရဲ့ဆရာ့အပေါ်လေးစားမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Hichki
2018
Japan animations company တွေက short films 7 ပိုင်းကို စုပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ Halo universe မှာ ဂြိုလ်သားတွေ လူသားတွေ စစ်ပွဲတွေ ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့ပုံ သူတို့ရဲ့ ဘုံရန်သူ Covenant ဂြိုလ်သားတွေနဲ့ ရင်ဆိုင်ပုံတွေကို ရသမျိုးစုံ ထည့်သွင်းဖန်တီးထားတာပါ။ ကနဉီးအစပိုင်းမှာ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်တည်းက နဂါးငွေ့တန်းမှာ သက်ရှိတွေနေထိုင်ခဲ့ကြပြီး စစ်ပွဲတွေဖြစ်လာကြပါတယ်။ ပထမဉီးဆုံးနေထိုင်သူတွေ ကြီးမားတဲ့စစ်ပွဲနဲ့ ရင်ဆိုင်ရပြီး နောက်ဆုံးမှာ စွမ်းအားအပြင်းဆုံး လက်နက် တီထွင်ခဲ့ပြီး သူတို့ကိုယ်သူတို့ စတေးခဲ့ကြပါတယ်။ ဒီလက်နက်က ရန်သူကို ချေမှုန်းပစ်ပြီး တခြားကျန်တဲ့သက်ရှိတွေကိုတော့ ပြန်လည် အသက်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒီအဲစ်အပျက်ကို Halo လို့ခေါ်တာပါ။ နောက်ပိုင်းတွေမှာလည်း လူသားတွေစကြ၀ဠာထဲမှာ နယ်ချဲ့ကြပြီး ရန်သူတော် Covenant တွေနဲ့ တိုက်ခိုက်ကြတာ၊ universe မျိုးစုံမှာ plot အစုံနဲ့ ရင်ဆိုင်ရတာတွေကို ကြည့်ရမှာဖြစ်ပါတယ်။ မတူတဲ့ Animation လက်ရာနဲ့ ရသအစုံ ခံစားရဖို့ အားပေးကြပါဉီး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Halo Legends
2010
ဒီတစ် ခေါက်မှာ တော့PKကားထဲက နာမည်ကြီးမင်းသမီးအနွတ်ရှ်ကားပါဝင်တဲ့ 2015ထွက်Thriller/Drama ကားကိုတင်ဆက်ပေးလိုက်ပါတယ် ခရီးထွက်လာတဲ့အဝေးပြေးလမ်းမပေါ်က အာဂျွန်နဲ့မီရာဆိုတဲ့လင်မယားဟာ လူသတ်မှုတစ်ခုကိုမျက်မြင် တွေ့လိုက်ရပြီး နောက်မှာ သူတိုနှစ်ဦးကိုပါ လူသတ်သမားအုပ်စုက ကိစ္စရှင်းဖိုကြံစည်ကာလိုက်သတ်ပါတော့တယ် လူသူနည်းပါးတဲ့အဝေးပြေးလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်မှာ သူတိုရအောင်ထွက်ပြေးနိုင်ပါ့မလား လူသတ်မှုရဲ့ နောက်ကွယ်မှာရော ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာ ဇာတ်ကားတစ် လျှောက်လုံး သဲထိတ်ရင်ဖိုစွာကြည့်ရှု့သွားရမှာဖြစ်ပါတယ်.. ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်သူက Khin Khin ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်NH 10
2015
ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ 2021 မှာ ထွက်ရှိခဲ့တဲ့ တရုတ် animation ဇာတ်ကားတစ်ကားဖြစ်တဲ့ Realm of Terracotta ပဲဖြစ်ပါတယ်။ မြေအောက်မှာရှိတဲ့ ရုပ်တုတွေနေထိုင်တဲ့ ကမ္ဘာကြီးဟာ တစ်နေ့မှာ သိုးနယားတွေရဲ့ မြို့ထဲဝင်ပြီး တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ သိုးနယားတွေဟာ ချင်းယန်မြို့လေးကို အမြဲလိုလို ဝင်ရောက်တိုက်ခိုက်လာတဲ့အခါ လက်တိုလက်တောင်းခိုင်းဖက် မုံ့ယွမ်ဟာ စစ်သည်တော်တစ်ဦးဖြစ်ပြီး သိုးနယားတွေကို တိုက်ခိုက်ဖို့ ဆန္ဒတွေ ရှိလာပါတော့တယ်။ ခွန်အားမရှိ စွမ်းအားမရှိတဲ့ မုံ့ယွမ်တစ်ယောက် သူဖြစ်ချင်တဲ့ စစ်သည်တော်ဖြစ်လာပြီး သူချစ်တဲ့ ချင်းယန်မြို့နဲ့ သူချစ်ရတဲ့ သူကို ကာကွယ်ပေးနိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်The Last Warrior
2021
Horror ကားကိုမှဝုန်းခနဲဝုန်းခနဲပေါ်လာတတ်တဲ့သရဲတွေမပါပဲကျောချမ်းချမ်းလေးနဲ့အေးဆေးလေးကြည့်ချင်တဲ့လူတွေအတွက်ဇာတ်ကားအသစ်လေးထွက်လာပါပြီ။ဒီကားထဲမှာတော့အမ်မက်ဆိုတဲ့လူတစ်ယောက်ကသူ့အမေသေဆုံးသွားတဲ့အခါမှာသူ့အတွက်အိမ်တစ်လုံးအမွေပေးခဲ့တာကိုသိရပြီးသူ့ရဲ့ဇနီးလောင်းဖြစ်သူအန်ညာနဲ့အတူအဲ့ဒီအိမ်ကိုသွားရောက်ကြည့်ရှုတာနဲ့စတင်ထားတာကိုတွေ့ရမှာပါ။ဒါပေမယ့်အမ်မက်ရဲ့အမေကသူ့အတွက်အိမ်ထားခဲ့ပေးပေမဲ့သူငယ်ငယ်လေးလေးကတည်းကသူ့ကိုစွန့်ပစ်သွားခဲ့ပြီးကြားထဲမှာမသေဆုံးခင်အထိသူ့ကိုမဆက်သွယ်ခဲ့ပါဘူး။ဒီလိုနဲ့သူ့စိတ်ထဲမှာကလေးဘဝကစိတ်ဒဏ်ရာတွေ သူ့အမေအပေါ်နာကျည်းမှုတွေနဲ့ပြည့်နှက်နေပါတော့တယ်။အန်ညာရဲ့အမေဖြစ်သူကလဲစိတ်ကုထုံးဆရာဝန်ကြီးဆိုတော့သမီးဖြစ်သူကလဲသူ့ယောက်ျားကိုစိတ်ကုထုံးမျိုးစုံနဲ့တတ်ယောင်ကားကုသပေးဖို့ကြိုးစားနေပါတော့တယ်။ဒီလိုနဲ့သူတို့တွေအဲ့ဒီအိမ်ကြီးကိုရောက်ပြီးနောက်မှာထူးဆန်းတာတွေကစတင်ဖြစ်လာပါတော့တယ်။အထူးဆန်းဆုံးကတော့အန်ညာကသူ့အမေပုံစံလိုဝတ်စားလာပြီးသူ့အမေလိုလဲစတင်ပြုမူလာတာပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲမှာဘာတွေဖြစ်နေတာလဲ။အန်ညာကရောသူ့အမေရဲ့ဝိဉာဉ်ပူးကပ်ခံနေရတာလား။သူတို့နှစ်ယောက်အဲ့ဒီအိမ်ကြီးထဲကနေရောထွက်သွားနိုင်ကြပါ့မလားဆိုတာကိုခြောက်ခြားဖွယ်ရာရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Mother, May I?
2023
S.W.A.T ဆိုတဲ့ အစိုးရတပ်ဖွဲ့နဲ့ လူဆိုးစစ်တပ်အဖွဲ့ microchip တစ်ခုအတွက် ရင်ဆိုင်တိုက်ခိုက်ကြတာကို ပုံဖော်ထားတဲ့ ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ။ S.W.A.T အဖွဲ့က container နဲ့ တရားမ၀င်ကုန်သွင်းတာကို သတင်းရပြီး စစ်ဆင်ရေးစပါတယ်။ သူတို့အဖွဲ့ခေါင်းဆောင်က ထရာဗစ်စ်ပါ။ ဒါမယ့် သတင်းရထားသလို ကုန်ပစ္စည်း ပိုက်ဆံ မဟုတ်ဘဲ လူတစ်ယောက်ဖြစ်နေပါတယ်။ အဲ့မှာ ရုတ်တရက်၂ဖက်တိုက်ပွဲဖြစ်ပြီး ထရာဗစ်စ်တို့ အဖွဲ့က လူလည်း ကျသွားပါတယ်။ လူဆိုးတွေဘက်ကလိုချင်တဲ့ စကော်ပီယံဆိုတဲ့လူကိုပါ သူတို့ဌာနဆီ ခေါ်လာပါတယ်။ စကော်ပီယံရဲ့ခေါင်းထဲမှာ ကမ္ဘာပေါ်က အရေးပါတဲ့အချက်အလက်တွေကို microchip နဲ့ထည့်ထားတဲ့အတွက် လူဆိုးဂိုဏ်းဘက်က အရှင်လိုချင်တာပါ။ ဒါကြောင့် ထရာဗစ်စ်တို့နဲ့ အပေးအယူလုပ်တဲ့အခါ.... ထရာဗစ်စ်တို့ကလည်း စကော်ပီယံကို မလွှဲပေးချင်တဲ့အခါ သူတို့တပ်ဖွဲ့နဲ့ လူဆိုးစစ်တပ်နဲ့ အရိုးကြေကြေအရေခန်းခန်း ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါ... ထရှာဗစ်စ်တို့ အဖွဲ့ထဲမှာ အတွင်းလူပါနေတဲ့အခါ ဘယ်လိုတွေ အလှည့်အပြောင်းဖြစ်ဦးမလဲ။ နောက်ဆုံး ဘယ်လိုဇာတ်သိမ်းလဲဆိုတာကို ဆက်လက်အားပေးလို့ရပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်