The Miniature Wife (2026) Season 01 (စ/ဆုံး) ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကမှ Peacock မှာ အသစ်ထွက်ထားတဲ့ Sci-Fi ဟာသ အမျိုးအစားပါ။ အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းထဲမှာ Matthew Macfadyen နဲ့ Elizabeth Banks တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Les နဲ့ Lindy ဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်းပါ။ Lindy က ပူလစ်ဇာဆုရထားတဲ့ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး Les ကတော့ ရည်မှန်းချက်ကြီးတဲ့ သိပ္ပံပညာရှင်ပေါ့။ သူတို့နှစ်ယောက် အိမ်ထောင်သက်သာ ကြာလာတယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပြိုင်တာတွေရော၊ သဘောထားမတိုက်ဆိုင်တာတွေရော များလာပြီး အိမ်ထောင်ရေးက အဆင်မပြေဖြစ်နေကြတာပါ။ တစ်ရက်မှာ Les တီထွင်ထားတဲ့ အရာဝတ္ထုတွေကို သေးငယ်သွားစေတဲ့ ဆေးရည်က အမှားအယွင်းဖြစ်ပြီး သူ့မိန်းမ Lindy ကို သွားစင်မိပါလေရော။ အဲဒီမှာတင် Lindy က ၆ လက်မအရွယ်လေးအဖြစ်ကို သေးငယ်သွားပါတယ်။ ယောက်ျားလုပ်သူ Les လည်း ပြန်ကြီးလာအောင် လုပ်တဲ့ဆေးကို ရှာမတွေ့သေးတာမို့ Lindy ကို အန္တရာယ်ကင်းအောင်ဆိုပြီး သူတို့သမီးဆော့တဲ့ အရုပ်အိမ်လေးထဲမှာ ထည့်ထားလိုက်ရတယ်။ဒီလိုနဲ့ ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ လူကသာ သေးသွားတာ၊ Lindy ရဲ့ စိတ်က ပိုပြီး ပြင်းထန်လာတယ်။ သူ့ကို ချုပ်ချယ်ချင်နေတဲ့ Les နဲ့ အရုပ်အိမ်လေးထဲကနေ ပြန်ပြီး အာဏာလွန်ဆွဲကြပါတော့တယ်။ တခြားတစ်ဖက်မှာလည်း L
ဇာတ်ကားကြည့်ရန်