Love Story in the 1970s မှာ တောသားအချစ် နံပါတ် (၁) ဖြစ်ခဲ့တဲ့ ချန်ဖေးယွီတစ်ယောက် အခုလည်း အချစ်ရူးကာရိုက်တာအဖြစ် သရုပ်ဆောင်ထားပြန်ပါပြီ။ မထွက်ခင်ကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး CGI တွေလည်း လန်ထွက်နေတဲ့ Love Beyond The Grave မှာ ချန်းဖေးယွီက အရမ်းမိမိုက်လွန်းတဲ့ Dilraba နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဒီစီးရီးမှာ ချန်ဖေးယွီက စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားပေမဲ့ စစ်ပွဲတစ်ရာတိုက်နိုင်တယ်၊ အချစ်စစ်ပွဲမှာတော့ လှလှပပကြီးကျရှုံးခဲ့တဲ့စစ်သူကြီးအဖြစ် သရုပ်ဆောင်ထားတာမို့ C drama fan တွေရဲ့ boyfriend standard ကို ပိုမြင့်စေမှာ အသေအချာပါပဲ။ မမ Dilraba ကလည်း ပင်ကိုပုံစံနဲ့လိုက်ဖက်လွန်းလှတဲ့ ခမ်းနားထည်ဝါလှတဲ့တစ္ဆေဘုရင်မအဖြစ် သရုပ်ဆောင်ထားတာမို့ မမရဲ့အလှ၊ မမရဲ့အကြည့်မှာ ချန်ဖေးယွီတင်မက ကြည့်ရှုသူ ပရိသတ်ပါ အတုံးအရုံးကျရှုံးရဦးမှာပါပဲ။ ဒီစီးရီးထဲမှာ ဆန်းကြယ်ပြီး အန္တရာယ်များလှတဲ့ ကွေးရွှီးဝိညာဉ်နယ်မြေ၊ ရက်စက်ကြမ်းကြုတ်လှတဲ့စစ်မြေပြင်နဲ့ လူ့လောကတို့ရဲ့နွေးထွေးစည်ကားလှတဲ့ပွဲတော်ကာလကိုပါ အလှပဆုံးပုံဖော်ထားတဲ့အပြင် မြင်နေကျ Xianxia ဇာတ်လမ်းပုံစံခွက်ထဲက ဖောက်ထွက်ပြီး "Liaozhai" စတိုင် အရှေ့တိုင်းအငွေ့အသက်တွေပါ ပါသလို လူနဲ့ ဝိညာဉ် အတူယှဉ်တွဲနေထိုင်တဲ့ထူးခြားလှတဲ့ပုံရိပ်တစ်ခုကို ဖန်တီးပြထားတာကလည်း ဇာတ်လမ်းကို ပိုရုပ်ကြွစေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအညွှန်းလေးကလည်း ဒီလိုစိတ်ဝင်စားစရာလွမ်းဆွတ်ဖွယ်ရာလ
ဇာတ်ကားကြည့်ရန်