တိုတောင်းလှတဲ့လူ့ဘဝကြီးမှာ သင့်ရဲ့ဘဝကိုဘယ်လိုပုံစံမျိုးနေထိုင်ချင်ပါသလဲ? ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အောင်မြင်နေတဲ့တစ်စုံတစ်ယောက်ကိုအားကျနေတာမျိုးလား? သူ့လိုမျိုးအောင်မြင်ချင်လို့ သူနဲ့တူအောင်အတုယူနေထိုင်နေမိရင်း ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကိုလျစ်လျူရှုထားမိပြီလား? ဘေးကလူတွေရဲ့ဖိအားပေးမှုကြောင့် ကိုယ့်ရဲ့ဆန္ဒအမှန်ကိုမမြင်နိုင်လောက်အောင်ဝေဝါးနေပြီလား? တကယ်လို့ဘဝကိုအဲ့ဒီလိုနေထိုင်နေမိတဲ့သူတွေရှိရင် အခုမိတ်ဆက်ပေးမယ့် animated movie လေးကသင်တို့ကိုအတွေးတစ်ခုခုရသွားစေမှာပါ။ ၂၀၂၁ ဒီဇင်ဘာ၁၅ရက်နေ့မှာထွက်ရှိထားတဲ့ Rumble ဆိုတဲ့ဇာတ်ကားမှာတော့ ကမ္ဘာ့သားရဲနပန်းလောကရဲ့ချန်ပီယံဟောင်းဖြစ်တဲ့ ရေဘန်နဲ့ သူ့ရဲ့နည်းပြဂျင်ဘိုတို့ဟာ စတုတ်ကာမြို့လေးရဲ့ဂုဏ်ဆောင်တွေဖြစ်ပါတယ်။ ဒါပေမယ့်ရေဘန်နဲ့ဂျင်ဘိုတို့မရှိတော့တဲ့အခါမှာ သားရဲနပန်းလောကထဲမှာစတုတ်ကာမြို့လေးဟာမှေးမှိန်သွားခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ တန်တကူလာဆိုတဲ့ရေဘဝဲတစ်ကောင်ကပြန်လည်ပြီးတော့ စတုတ်ကာမြို့လေးရဲ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပွဲပြီးပြီးချင်းတန်တကူလာကြေငြာလိုက်တာကတော့ သူဟာဆီလ်သာပူးလ်မြို့ကြီးကိုထွက်သွားတော့မယ်ဆိုတာပါပဲ။ ဇာတိမြေကိုသစ္စာဖောက်တဲ့တန်တကူလာကိုမကျေနပ်တဲ့စတုတ်ကာမြို့သူမြို့သားတွေထဲမှာ တစ်ချိန်ကနည်းပြဂျင်ဘိုရဲ့သမီးလေး ဝင်နီလည်းအပါအဝင်ပါပဲ။ တဆက်တည်းမှာပဲ တန်တကူလာထွက်သွားမှာထက်ပိုဆိုးတဲ့သတင်းကတော့ ချန်ပီယံရ
ဇာတ်ကားကြည့်ရန်