Meiji ခေတ်နောက်ခံ Historical Romance & Thriller နာမည်ကြီး Manga ကို Anime အဖြစ် ထွက်ရှိလို့လာခဲ့ပါပြီ။ JoJo နဲ့ Fire Force တွေလိုမျိုး Anime ကောင်းတွေကို ကိုင်တွယ်ပေးခဲ့တဲ့ David Production ကနေ ထုတ်လုပ်ပေးထားတာပါ။ ဇာတ်လမ်းလေးကလည်း ထူးခြားပါတယ်။ Satoko Kirigaya ဆိုတဲ့ ကောင်မလေးက မျိုးရိုးမြင့် အထက်တန်းစားမိသားစုနွယ်ဖွားတစ်ယောက်။ ဒါပေမဲ့ ပြင်းထန်တဲ့ရောဂါရှိနေပြီး အသက်ရှည်ရှည် နေရတော့မယ့်သူတော့ ဟုတ်မနေဘူး။ ဒီမှာတင် မိသားစုထဲက လျှို့ဝှက်ကြံစည်မှုတစ်ခုကြောင့် ပြန်ပေးဆွဲခံလိုက်ရပြီး အသတ်ခံရမယ့်ဘဝကို ရောက်ရှိသွားတော့တယ်။ သူ့ကို လာသတ်မယ့်လူဆိုတာ သွေးအေးရက်စက်တဲ့ Shinpei Goto ဆိုတဲ့ အမျိုးသား။ ဒီမှာတင် Satoko Kirigaya က လူသတ်သမား Shinpei Goto ကို အံ့ဩစရာကောင်းတဲ့ ကမ်းလှမ်းမှုတစ်ခု လုပ်လိုက်ပါတော့တယ်။ "ငါ့ကို မသတ်နဲ့... နင်လိုချင်သလောက် စည်းစိမ်ဥစ္စာ အရာအားလုံးပေးမယ် ငါနဲ့ လက်ထပ်လိုက်ပါ" ဆိုပြီး ပြောလာတော့ Shinpei Goto ရဲ့ ရွေးချယ်မှုကနေတဆင့် ဘယ်လိုမျိုး စိတ်ဝင်စားစရာ သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပွားလာမလဲဆိုတာကို အပတ်စဉ် စောင့်မျှော် အားပေးလိုက်ကြရအောင်နော်....။
ဇာတ်ကားကြည့်ရန်