ဇာတ်ကား / 2026PAW Patrol: The Dino MoviePAW Patrol: The Dino Movie (2026)
++++++++++++++++++
IMDb Rating (6.2) / Rotten Tomatoes (81%)
ဒီဇာတ်ကားကတော့ Animation, Family နဲ့ Adventure အမျိုးအစား ကလေးကာတွန်း ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ နာမည်ကြီး PAW Patrol ရဲ့ တတိယမြောက် ရုပ်ရှင်အဖြစ် ဒါရိုက်တာ Cal Brunker က ရိုက်ကူးတင်ဆက်ထားပြီး အသံသရုပ်ဆောင်တွေအဖြစ် Carter Young, Hayden Chamberlain, Mckenna Grace, Rain Janjua, Terry Crews နဲ့ Ron Pardo တို့က အဓိက ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ ရေပြင်မှာ မီးလောင်နေတဲ့ လှေတစ်စင်းကို ကယ်ဆယ်အပြီးမှာ PAW Patrol အဖွဲ့သားတွေဟာ မုန်တိုင်းထဲရောက်သွားပြီး ဒိုင်နိုဆောတွေ နေထိုင်တဲ့ လျှို့ဝှက်ကျွန်းတစ်ကျွန်းကို ရောက်ရှိသွားရာကနေ စတင်ပါတယ်။ အဲဒီကျွန်းမှာ ဒိုင်နိုဆောတွေနဲ့ စကားပြောတတ်ပြီး နှစ်အတော်ကြာ ပိတ်မိနေတဲ့ ဝှီးချဲစီး ခွေးလေး Rex နဲ့ တွေ့ဆုံခင်မင်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရန်သူတော်ကြီး မြို့တော်ဝန် Humdinger ဟာ အဲဒီကျွန်းမှာရှိတဲ့ စိန်သိုက်ကို တူးဖော်ဖို့ ရောက်လာတဲ့အခါ ပြဿနာ စတင်ပါတော့တယ်။ Humdinger ရဲ့ လောဘကြောင့် ကျွန်းပေါ်က မီးတောင်ကြီး ပေါက်ကွဲဖို့ ဖြစ်လာတဲ့အခါ PAW Patrol အဖွဲ့သားတွေရော အသစ်ရောက်လာတဲ့ သူငယ်ချင်း Rex ရော ပူးပေါင်းပြီး ကျွန်းပေါ်က ဒိုင်နိုဆောတွေ မျိုးမသုဉ်းသွားအောင် ဘယ်လို ကယ်တင်မလဲဆိုတာကို ရင်ခုန်စရာ ကြည့်ရှုရမှာပါ။
ဒီရုပ်ရှင်ဟာ ကလေးတွေ အကြိုက်တွေ့စေမယ့် ဒိုင်နိုဆော စွန့်စားခန်းတွေကို ဖန်တီးထားပြီး မိသားစုလိုက် ကြည့်ရှုဖို့ အကောင်းဆုံး ရုပ်ရှင်တစ်ခုပါ။ ဇာတ်ကောင်တွေကြားက အချင်းချင်း ကူညီဖေးမတာတွေ၊ အမှားလုပ်မိရင်တောင် စိတ်မပျက်ဘဲ အကောင်းဆုံး ပြန်ကြိုးစားတတ်တဲ့ စိတ်ဓာတ်တွေကို ကလေးတွေ အတုယူစရာ သင်ခန်းစာအဖြစ် ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် Rex လို မသန်စွမ်းပေမဲ့ အရည်အချင်းရှိတဲ့ ဇာတ်ကောင်သစ်ကို မိတ်ဆက်ပေးထားတာကလည်း ဇာတ်ကားရဲ့ အားသာချက်တစ်ခု ဖြစ်လို့ မိသားစုလိုက် ပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့ အထူး သင့်တော်ပါတယ်။
File Size… (1.87GB) / (1.16GB)
Quality… WEB-DL 1080p HEVC / 720p
Format…mkv / mp4
Duration…1h 28m
Genre ….Animation, Adventure, Family, Fantasy, Comedy
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်